ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် နှင့် တွေ့ဆုံဆွေးနွေးရန် မူအားဖြင့်လက်ခံကြောင်း အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေးအတွင်းဝန် Jen Psaki က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
လန်ဒန်၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်(၂) သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ဗြိတိန်တော်ဝင်မိသားစုက ဖေဖော်ဝါရီ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဂျေရုဆလမ် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံဝန်ကြီးချုပ်က အီရန်နိုင်ငံအနေဖြင့် မကြာမီကာလအတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့်အတူ နျူကလီးယားသဘောတူညီချက်အသစ်တစ်ခုကို လက်မှတ်ရေးထိုးဖွယ်ရှိနေကြောင်း ၊ သို့သော် ယင်းသဘောတူညီချက်အသစ်သည် ယခင်ရှိခဲ့သော သဘောတူညီချက်ထက် ပို၍ “ အားနည်းကြောင်း” ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မင့်စ်ခ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရုရှား-ဘီလာရုဇ်နှစ်နိုင်ငံစစ်တပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု “Allied Resolve-2022” ၏ နောက်ဆုံးအဆင့် လက်တွေ့တိုက်ပွဲ ဝင် လေ့ကျင့်မှုကို ဖေဖော်ဝါရီ ၁၉ ရက်က ဘီလာရုဇ်နိုင်ငံ Obuz-Lesnovsky လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) လက်ရှိဖြစ်ပွားနေသော ယူကရိန်းနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ သံတမန်နည်းလမ်းဖြင့် အဖြေရှာရန် စေ့စပ်ညှိနှိုင်းမှုနှင့် ဆွေးနွေးမှုအား ဆက်လက်ဦးတည်စေမည့် မျှော်လင့်ချက်နှင့် အားကောင်းသော မျှော်မှန်းချက်များအား ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။ သံတမန်နည်းလမ်းအရ အဖြေရှားခြင်းသည် ဟာ “လမ်းကြောင်းမှန်ဖြစ်သည်” ဟု ယုံကြည်ကြောင်းနှင့် ပါကစ္စတန်နိုင်ငံအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍...
မော်စကို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ကိယက်ဗ်အာဏာပိုင်များအနေဖြင့် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေးပြန်လည်ထိန်းသိမ်းရန် ဒွန်ဘတ်စ်ဒေသမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးသွားရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ဘီလာရုစ်နိုင်ငံ သမ္မတ Alexander Lukashenko နှင့် မော်စကိုမြို့၌ ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ “ဘီလာရုစ်သမ္မတနဲ့...
ဘေရွတ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံနှင့် အစ္စရေးနိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုအသစ်ကြောင့် နိုင်ငံသားများအကြား ထိတ်လန့်ကြောက်ရွံ့မှုများ မြင့်တက်နေသည့်ကြားမှ အစ္စရေးစစ်လေယာဉ်များသည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၊ Mount Lebanon တောင်နှင့် တောင်ပိုင်းရှိမြို့များအပေါ် ဖေဖော်ဝါရီ ၁၈ ရက်က ဝေဟင်အနိမ့်ပျံသန်းခဲ့ကြောင်း သိရသည်။ ဟစ်ဇ်ဘိုလာက ယင်းနေ့အစောပိုင်း၌ ပါလက်စတိုင်းပိုင်နယ်မြေများပေါ်သို့...
ဘရာဇီးလီးယား၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ရီယိုဒီဂျရေးရိုးပြည်နယ်ရှိ ပတ်ထရိုပိုလစ်မြို့တွင် ရေကြီးရေလျှံမှုနှင့် ရွှံညွန်ပြိုကျမှုကြောင့် ဖေဖော်ဝါရီ ၁၈ အထိ သေဆုံးသူအရေအတွက်မှာ ၁၃၀ ဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသခံအာဏာပိုင်များအရ သိရသည်။ ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေလျှံခြင်းကြောင့် ရွှံ့ညွန်ပြိုကျမှုများလည်း ဖြစ်ပွားခဲ့ပြီး...
ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ နိုင်ငံခြားရေးဝန်ကြီးများသည် ဇန်နဝါရီ ၁ ရက်က စတင်အသက်ဝင်ခဲ့သော ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) ကုန်သွယ်ရေးသဘောတူညီချက်အား အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် ၎င်းတို့၏ ကတိကဝတ်အား ဖေဖော်ဝါရီ ၁၇ ရက်တွင် ထပ်လောင်းအတည်ပြုခဲ့ကြကြောင်း...
ကဘူးလ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ စက်မှုလက်မှုနှင့် သတ္တုတွင်းလုပ်ငန်းရှင်များအသင်းက အာဖဂန်နစ္စတန်၏ ပိုင်ဆိုင်မှုများအပေါ် ပိတ်ဆို့ထားရေး မကြာသေးမီက ချမှတ်လိုက်သော အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ ဆုံးဖြတ်ချက်သည် တရားမျှတမှုမရှိကြောင်းပြောကြားခဲ့ပြီး ပိုင်ဆိုင်မှုများအား ပြန်လည်ပေးအပ်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။ “စက်ရုံပေါင်း ၅,၀၀၀ နှင့် သတ္တုတွင်းကုမ္ပဏီ...