ဂျကာတာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း (HSR) ၏ ရထားသံလမ်းနောက်ဆုံးအသုတ် တန် ၆,၆၀၀ မှာ အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဂျာဗားပြည်နယ်ရှိ Cilacap ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း ရထားလမ်း တည်ဆောက်ရေးက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့်...
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) အပန်းဖြေနေအိမ်မော်တော်ယာဉ် Stella Vitaကို Eindhoven နည်းပညာတက္ကသိုလ် နေရောင်ခြည်စွမ်းအင်အဖွဲ့မှ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ Stella Vita ခေါင်မိုးတွင် ဆိုလာပြားတပ်ဆင်ထားရာ ထိုမှတစ်ဆင့် မော်တော်ယာဉ်မောင်းနှင်ရန်နှင့် ရေချိုး၊ တီဗွီကြည့်၊ ဓါတ်အားဖြည့်ရန် စသည့် လုံလောက်သည့် စွမ်းအင်ကို ရရှိနိုင်ကြောင်း သိရသည်။ စွမ်းအင်ကို...
ဝါရှင်တန်၊စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) အငြင်းပွားဖွယ် ရေငုပ်သင်္ဘောတည်ဆောက်ရေးကိစ္စကြောင့် ဖြစ်ပေါ်နေသော တင်းမားမှုအား လျှော့ချရန် ကြိုးပမ်းအားထုတ်မှုတစ်ရပ်အနေဖြင့် အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်သည် ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ်မက်ခရွန်အား ဖုန်းပြောဆိုဆွေးနွေးရန် ပန်ကြားလိုက်ကြောင်း အမေရိကန်အရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများ ထုတ်လုပ်ရန် ဩစတြေးလျနိုင်ငံအား အမေရိကန် နှင့် ဗြိတိန် နိုင်ငံတို့က အားပေးကူညီသွားမည်ဟု ပြောကြားခဲ့ပြီးနောက်တွင်...
မော်စကို၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံရှိ Perm တက္ကသိုလ်တွင် ကျောင်းသားတစ်ဦးက သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် လူ ၈ ဦးထက်မနည်းသေဆုံးကာ အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် တိုက်ခိုက်သူကို ထိန်းသိမ်းထားကြောင်း Sputnik သတင်းအေဂျင်စီက ဖော်ပြထားသည်။ သေဆုံးသူအရေအတွက် အတိအကျအား အတည်ပြုလျက်ရှိကြောင်း ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ၏...
မက်ချာနစ်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) စိတ်ဝင်စားဖွယ် ရွှေဖရုံသီး လှေလှော်ပြိုင်ပွဲကို ဂျာမနီနိုင်ငံ ကိုလုံးမြို့အနီးရှိ မက်ချာနစ် မြို့နယ်လေးတွင် စက်တင်ဘာ ၂၀ ရက်က ကျင်းပခဲ့သည်။ ယင်းပွဲတွင် ပြိုင်ပွဲဝင်များက ဧရာမ ရွှေဖရုံးသီးကြီး၏ အသားများကို ခြစ်ထုတ်ပြီး အပြင်ခွံအား လှေလုပ်ကာ လှော်တပ်ဖြင့် လှော်ခတ်ပြိုင်ရခြင်း ဖြစ်သည်။...
ဘေရွတ် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က လက်ဘနွန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် နိုင်ငံတွင်း ကျန်းမာရေးဝန်ထမ်းများ ပြည်ပထွက်ခွာသွားခြင်း(ဦးနှောက်ယိုစီးမှု) နှင့် ဆေးပစ္စည်းများ ၊ လောင်စာဆီ ရှားပါးပြတ်လပ်မှုတို့ကြောင့် ပြိုကျမည့်အန္တရာယ် ရှိနေကြောင်း စက်တင်ဘာ ၁၉ ရက်တွင် သတိပေးပြောကြားခဲ့သည်။ ကျွမ်းကျင်ဆရာဝန် ၄၀ ရာခိုင်နှုန်းနီးပါး နှင့်...
မနီလာ၊ ၂၀ ရက် (ဆင်ဟွာ) ကမ္ဘာ့လက်ဝှေ့ချန်ပီယံနှင့် ဖိလစ်ပိုင်နိုင်ငံ ဆီးနိတ်လွှတ်တော်အမတ် မန်နီ ပတ်ကွီယို (Manny Pacquiao) က ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်တွင် ကြေညာလိုက်သည်။
ပါရီ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ပြင်သစ်နှင့်ချုပ်ဆိုထားသည့် ရေငုပ်သင်္ဘောစာချုပ်ကို ဩစတြေးလျဖက်က ချိုးဖျက်ပြီး အမေရိကန်၊ ဗြိတိန်တို့နှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ခဲ့ကြောင်း ၊ ၎င်းသည် ပြင်သစ်မဟာမိတ်များ၏ “လိမ်ညာမှု”၊ “အပြင်ပန်းနှင်စိတ်ရင်း ထပ်တူမကျမှု”ကို ထင်ဟပ်နေရာ ဆိုးဝါးသည့် အန္တရာယ်အကျပ်အတည်းတစ်ခုဖြစ်စေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က...
ကဘူးလ် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) စက်တင်ဘာ ၁၉ ရက်သည် အာဖဂန်နစ္စတန်နိုင်ငံ၌ အလယ်တန်း နှင့် အထက်တန်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် ဒုတိယမြောက်နေ့ ဖြစ်သည်။
မက်ဒရစ်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) စပိန်နိုင်ငံ၏ ခရီးသွားအပန်းဖြေနေရာ La Palmaကျွန်းတွင် စက်တင်ဘာ ၁၉ ရက်က မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားရာ လူပေါင်း ၅,၀၀၀ ကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။