ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် နည်းပညာ ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုတွင် ကမ္ဘာ့ဈေးကွက်နှင့် စီးပွားရေး လက်ဝါးကြီးအုပ်ခြင်းမှ ရှောင်ရှားရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇန်နဝါရီ ၂၁ ရက်၌ ပြောကြားခဲ့သည်။
လော့အိန်ဂျလိစ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ၉၄ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ (သို့မဟုတ်) အော်စကာဆုအတွက် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုတွင် အရည်အသွေးပြည့်မီသော ဇာတ်ကားပေါင်း ၂၇၆ ကားကို ရုပ်ရှင်အနုပညာနှင့် သိပ္ပံအကယ်ဒမီအဖွဲ့ မှ ဇန်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယခုနှစ်အတွက် အရည်အသွေးစစ်ဆေးရသည့် ကာလမှာ ၁၀...
ပေကျင်း ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) “ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်တော့မည်” ဟူသော အနောက်နိုင်ငံများ၏ ကောလာဟလသည် ၎င်းတို့၏ “စစ်ရေး ရန်လိုရန်စသည့် လှုပ်ရှားမှု”ကို ဖုံးကွယ်ရန်သာ ဖြစ်ကြောင်း ၊ အမေရိကန်နှင့်ဗြိတိန်က ယူကရိန်းသို့ လက်နက် ပံ့ပိုးပေးနေခြင်းလုပ်ရပ်သည် ရုရှားကစိုးရိမ်မှုအခြေအနေ၏သက်သေပင် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
မော်စကို၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရုရှားရေတပ်စစ်သင်္ဘောတပ်ဖွဲ့က ရေကြောင်းစစ်ရေးခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ရုရှားနိုင်ငံလက်နက်ကိုင်အင်အားစု၏ ၂၀၂၂ ခုနှစ် လေ့ကျင်မှုအစီအစဉ်အရ ၎င်းတို့သည် ဇန်နဝါရီမှ...
ခတ္တမန္ဒူ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက နီပေါနိုင်ငံ၌ လက်ရှိဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် ယခင်ဘဏ္ဍာနှစ်တစ်နှစ်လုံးထက် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်မည်ဖြစ်ကြောင်း နီပေါ အစိုးရ ၏ ကိန်းဂဏန်းများအရ သိရသည်။ နီပေါနိုင်ငံတွင် ယမန်နှစ် ဇူလိုင်လလယ်ပိုင်းက စတင်ခဲ့သည့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၌...
ချီကာဂို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရအပေါ် တရုတ်ပြည်သူများ၏ ယုံကြည်မှု အဆင့် ၉၁ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီးအမေရိကန်နိုင်ငံသားများ၏ ၎င်းတို့အစိုးရအပေါ်ယုံကြည်မှုညွှန်းကိန်းမှာ ၃၉ ရာခိုင်နှုန်း သာရှိကြောင်း ၂၀၂၂ Edelman Trust Barometer စစ်တမ်းအား ဇန်နဝါရီ ၁၈ ရက်တွင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ၂၀၂၂...
ဝယ်လ်လင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) တွန်ဂါနိုင်ငံတွင်အဓိကကျွန်းဖြစ်သော Tongatapu ကျွန်း၏ မြောက်ဘက် ၆၅ ကီလိုမီတာအကွာရှိ ပင်လယ်ပြင်အောက်ရှိ Hunga Tonga-Hunga Ha’apai မီးတောင် ပြင်းထန်စွာ ပေါက်ကွဲပြီးနောက် ဇန်နဝါရီ ၁၅ ရက်က ဆူနာမီလှိုင်းများ ဝင်ရောက်ခဲ့သည်။ ယင်းဆူနာမီလှိုင်းများသည် တွန်ဂါရှိ ကမ်းခြေများအပေါ်...
ကဘူးလ်၊ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၏ ယာယီဝန်ကြီးချုပ် Mullah Hassan Akhund က တာလီဘန် က ဖွဲ့စည်းထားသည့် အိမ်စောင့်အစိုးရကို အသိအမှတ်ပြုရန်နှင့် ၎င်းနှင့်သံတမန်ဆက်ဆံရေးထူထောင်ရန် နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုကြောင်း ဇန်နဝါရီ ၁၉ ရက်က အာဖဂန်နစ္စတန်ယာယီအစိုးရ ကျင်းပသော စီးပွားရေးဆိုင်ရာအစည်းအဝေး တွင်ပြောကြားခဲ့သည်။...
မနီလာ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) တရုတ်ကုမ္ပဏီအများအပြားပါဝင်ဖွဲ့စည်းထားသော ဖက်စပ်လုပ်ငန်းတစ်ခုသည် ပြီးခဲ့သည့်ရက်က ဖိလစ်ပိုင်အမျိုးသားရထားလမ်း တောင်ဘက်လမ်းပိုင်း ခရီးဝေးသယ်ယူပို့ဆောင်ရေးအပိုင်း၏ ပထမအဆင့်ဆောက်လုပ်ရေးလုပ်ငန်းကို လေလံအောင်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိအချိန်ထိ မိုင်အရှည်ဆုံးနှင့် အမြန်ဆုံး ရထားလမ်း စီမံကိန်းကို တာဝန်ယူတည်ဆောက်ပေးမည်ဖြစ်ကြောင်း၊ ၎င်းစီမံကိန်းမှာ ဒေသတွင်း အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန်စေရေး၊ သယ်ယူပို့ဆောင်ရေး စွမ်းအင်မြှင့်တင်ရေးနှင့်...
ဖနွမ်းပင် ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ခရီးသွားဝန်ကြီးများသည် COVID-19 ကပ်ရောဂါကြားမှ အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်သက်ဝင်လှုပ်ရှားလာစေရန်အတွက် ပြန်လည်ဖွင့်လှစ်ခြင်းကို ကြေညာသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် သဘောတူခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားဝန်ကြီး Thong Khon က ဥက္ကဋ္ဌ အဖြစ်...