ကဘူးလ် ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ သမ္မတနန်းတော်တို့ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တာလီဘန်တို့က တနင်္ဂနွေနေ့ ညပိုင်းတွင်ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် မကြာမီအချိန်အတွင်း အာဖဂန်နစ္စတန်အစ္စလာမ်မစ်စော်ဘွားနိုင်ငံ(Islamic Emirate of Afghanistan) အဖြစ်ထူထောင်ရန် ကြေညာသွားမည်ဖြစ်ကြောင်း မီဒီယာများက ရေးသားဖော်ပြခဲ့သည်။ အာဖဂန်သမ္မတ Mohammad Ashraf Ghani...
ဂျာရီမိ ၊ ဩဂုတ် ၁၅ ရက်(ဆင်ဟွာ) ဟေတီနိုင်ငံတွင် ပြင်းအား ၇.၂ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူပေါင်း ၃၀၄ ဦးသေဆုံးပြီး အခြား ၁,၈၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် ငလျင်ကြောင့် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ နိုင်ငံ၏ အဝေးပြေးလမ်းမတစ်ခု လမ်းပိတ်သွားခဲ့ကြောင်း ဟေတီအာဏာပိုင်များက ဩဂုတ်...
ဝါရှင်တန် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ကိုယ်ခံအားစနစ်များ အားနည်းသည့် ပြည်သူများတွက် COVID-19 ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံရန် ဩဂုတ် ၁၂ ရက်တွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။
အော့တဝ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) နိုင်ငံအတွင်း COVID-19 ဗိုင်းရပ်စ်မျိုးကွဲအမျိုးမျိုး ဆက်လက်ပျံ့နှံ့လျက်ရှိနေသောကြောင့် ကနေဒါနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါ စတုတ္ထလှိုင်းအားခံစားနေရကြောင်း ကနေဒါနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးအရာရှိချုပ် Theresa Tam က သြဂုတ် ၁၂ ရက်တွင်ပြောကြားသည်။
မနီလာ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံတစ်ဝန်း ဒယ်လ်တာ (Delta) ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ပွားမှု မြင့်တက်လာသဖြင့် အိန္ဒိယနှင့် အခြားနိုင်ငံ ၉ နိုင်ငံမှ ခရီးသွားများအားလုံးအတွက် ခရီးသွားတားမြစ်ချက်ကို ဩဂုတ် ၃၁ ရက်အထိ သက်တမ်းတိုးလိုက်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Harry Roque က...
ဘာလင် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်များ အာဏာရရှိပြီး ရှာရီယာ(Sharia)ဥပဒေကို ကျင့်သုံးလာပါကဂျာမနီနိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံသို့ အကူအညီ ပေးနေမှုများအား ရပ်ဆိုင်းလိုက်မည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas က ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် လုံခြုံရေးအခြေအနေ ဆက်လက်ဆိုးဝါးလာသဖြင့် သံရုံးဝန်ထမ်းအရေအတွက် လျှော့ချရာတွင် ကူညီရန် ကဘူးလ်လေဆိပ်သို့ တပ်ဖွဲ့ဝင်များစွာ တပ်ဖြန့်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ဩဂုတ် ၁၂ ရက်၌ ပြောကြားခဲ့သည်။
ကိုလံဘို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ယခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၁၇,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၇ ဦးရှိကြောင်း ကျန်းမာရေးအရာရှိများက သြဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) COVAX အစီအစဉ်မှတစ်ဆင့် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုသည် ကမ္ဘာလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးအတွက် ပေကျင်း၏ ကတိကဝတ်အား ရောင်ပြန်ဟပ်ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးပညာရှင်များက ပြောကြားခဲ့သည်။
ကိုင်ရို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အီဂျစ်စစ်တပ်သည် ဆိုင်းနိုင်း မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ အကြမ်းဖက်မှုဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုတွင်အစွန်းရောက်စစ်သွေးကြွ ၁၃ ဦး ကို သုတ်သင်နိုင်ခဲ့ကြောင်း စစ်တပ်မှ သြဂုတ် ၁၂ ရက် နှောင်းပိုင်းတွင် ပြောသည်။