ဆိုးလ် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ၌ COVID-19 လူနာ အရေအတွက် မြင့်မားနေချိန်တွင် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅ ဦးအား ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ကျန်းမာရေးတာဝန်ရှိသူများက အတည်ပြုခဲ့ကြောင်း သိရသည်။
ဘေရွတ်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံရောက် တရုတ်နိုင်ငံ၏ အသုတ် ၂၀မြောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆေးအဖွဲ့သည် မကြာသေးမီရက်က လက်ဘနွန်နိုင်ငံ၊ Nabatiyah ပြည်နယ်၊ Ibile Sege ကျေးရွာသို့ ဆေးဝါးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ရုရှားသံတမန်များကို နှင်ထုတ်ရန် အမေရိကန်နိုင်ငံက ဆုံးဖြတ်ခဲ့ခြင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် မော်စကိုမြို့ရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းများအား နှစ်လ အတွင်း ရုရှားနိုင်ငံမှ အပြီးထွက်ခွာသွားရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားလိုက်သည်။
ဒပ်ဗလင်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အိုင်ယာလန်နိုင်ငံသည် ဒီဇင်ဘာ ၃ ရက်မှစ၍ နိုင်ငံအတွင်း ဝင်ရောက်လာရောက်သူအားလုံးအနေဖြင့် COVID-19 ရောဂါကင်းစင်ကြောင်း ဆေးစစ်ချက် လိုအပ်မည်ဟု အိုင်ယာလန်အစိုးရက နိုဝင်ဘာ ၃၀ ရက်၌ ကြေညာခဲ့သည်။
ကဘူးလ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် လူသေဆုံးမှုနှင့် နေအိမ်အဆောက်အဦများ ပျက်စီးဆုံးရှုံးမှု မရှိဟု အာဏာပိုင်များက ပြောကြားခဲ့သော်ငြားလည်း နိုဝင်ဘာ ၃၀ ရက်၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ကဘူးလ်ရှိ ငြိမ်းချမ်းရေးမှာ တစ်ဖန်ပြန်လည် ပျက်စီးသွားခဲ့ပြီး စစ်မက်ဒဏ်ခံစားနေရသော အာဖဂန်ပြည်သူများအကြား ထိတ်လန့်တကြားဖြစ်ခဲ့ရသည်။
အစ္စလာမ်မာဘတ် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) သည် ၎င်းနိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရန် ပါကစ္စတန်နိုင်ငံအတွက် သမိုင်းဝင် အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု အစ္စလာမ်မာဘတ်မြို့ရှိ မဟာဗျူဟာလေ့လာရေးဌာန တရုတ်- ပါကစ္စတန်လေ့လာရေးစင်တာမှ ညွှန်ကြားရေးမှူး Talat Shabbir က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းသည် နိုဝင်ဘာ ၃၀ ရက်က ကျင်းပသော “Group of 77 +China” ၏ ၄၅ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ video conference အစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏...
အစ္စတန်ဘူလ် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ၌ နိုဝင်ဘာ ၂၉ ရက်မှစတင်၍ လေပြင်းမုန်တိုင်းများကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိကြောင်း ဒေသတွင်း မီဒီယာ၏ ဖော်ပြမှုအရ သိရသည်။
မော်စကို ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးများ၏ မကြုံစဘူး မြင့်မားသော အဆင့်တစ်ခုအတွက် ကျေနပ်အားရမှုရှိကြောင်း အင်္ဂါနေ့က ပြောကြားလိုက်သည်။
ချီကာဂို ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဒက်ထရိုက်မြို့ငယ်အနီး အထက်တန်းကျောင်းတစ်ခုတွင် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။