ဖနွမ်းပင် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ရောဂါပြန့်နှံမှုအား ကာကွယ်ရန် ဇူလိုင် ၁၈ ရက်မှ စတင်၍ တစ်လကြာ ဗီယက်နမ်နိုင်ငံနှင့် နယ်စပ်အား ယာယီပိတ်ထားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် Ouch Borith က ပြောကြားခဲ့သည်။
ဟူစတန် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ ပြင်းထန်သောနှင်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်သည် ပြည်နယ်တစ်ဝှမ်း ၂၁၀ ဦးထိ မြင့်တက်လာကြောင်း ဒေသတွင်း မီဒီယာက ဇူလိုင် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။
မနီလာ ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံက အိန္ဒိယနိုင်ငံ ၊ ပါကစ္စတန်နိုင်ငံ ၊ သီရိလင်္ကာနိုင်ငံ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ နီပေါနိုင်ငံ ၊ အိုမန်နိုင်ငံ နှင့် ယူအေအီးနိုင်ငံတို့မှ ဝင်ရောက်မည့် ခရီးသွားများအားလုံးကို ဇူလိုင် ၃၁ ရက် အထိ ပြည်ဝင်ခွင့်...
အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Upper Kohistan ခရိုင်၌ ယနေ့ ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် ဘတ်စ်ကားထိမှန်သော ပေါက်ကွဲမှုအတွင်း လူ ၉ ဦးထက်မနည်း သေဆုံးကာ ၃၉ ဦး...
ဂျေရုဆလမ် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အစ္စရေးဆေးဘက်ဆိုင်ရာသုတေသီများက အမျိုးသား နှင့် အမျိုးသမီးများအကြား သွေးထဲတွင် COVID-19 ရောဂါကာကွယ်သောပဋိပစ္စည်းပမာဏ ကွဲပြားခြားနားချက်များကို တွေ့ရှိခဲ့ကြောင်း တဲလ်အဗစ်တက္ကသိုလ်(TAU)က ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တီဟီရန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရေးတစ်ခုအတွက် အီရန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံအကြား လတ်တလောဆွေးနွေးညှိနှိုင်းနေကြောင်း နှင့် အီရန်နိုင်ငံအနေဖြင့် အကျဉ်းသားအားလုံး အပြန်အလှန် လဲလှယ်မှုအတွက် အသင့်ရှိကြောင်း အီရန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၃ ရက်တွင် အတည်ပြုခဲ့သည်ဟု နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။
ဘဂ္ဂဒက်၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံတောင်ပိုင်း Dhi Qar ပြည်နယ်ရှိ ကိုဗစ်-၁၉ ကုသရေးဆေးရုံတစ်ခုတွင် ဇူလိုင် ၁၂ ရက်က ဖြစ်ပွားသည့် မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် သေဆုံးသူ (၉၂)ဦးအထိ မြင့်တက်လာကြောင်း အီရတ်နိုင်ငံပိုင်သတင်းအေဂျင်စီ (INA)က ဇူလိုင် ၁၃ ရက်တွင် ဖော်ပြခဲ့သည်။
အမ်မန်၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) ဂျော်ဒန်တော်ဝင်တရားရုံး တရားသူကြီးချုပ်ဟောင်း၊ ယခင်ဘဏ္ဍာရေးဝန်ကြီးBassem Awadallahနှင့် တော်ဝင်မိသားစုဝင်ဖြစ်သူ Sharif Hassan Ben Zeidတို့ကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှု၊ နိုင်ငံအုပ်ချုပ်ရေးအာဏာ အပြောင်းအလဲလုပ်ရန် လှုံ့ဆော်မှုတို့ဖြင့် ထောင် (၁၅)နှစ်စီ ချမှတ်လိုက်ကြောင်း ဂျော်ဒန်နိုင်ငံ အမျိုးသားလုံခြုံရေးတရားရုံးက ဇူလိုင် ၁၂ ရက်တွင်...
အော့တဝ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်Penelakutကျွန်းရှိ ဌာနေတိုင်းရင်းသား ကလေးငယ်များ ဘော်ဒါကျောင်းဟောင်းတစ်ခု အနီးတွင် အမှတ်အသားမရှိသည့် သင်္ချိုင်းအုတ်ဂူ (၁၆၀)ကျော် တွေ့ရှိရကြောင်း ကနေဒါရုပ်မြင်သံကြားက ဇူလိုင် ၁၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ဆယ်ပုံတစ်ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ကြောင်း ကုလသမဂ္ဂ၏ ဇူလိုင် ၁၂ ရက် နယူးယောက်ရုံးချုပ်တွင် ထုတ်ပြန်သည့်“ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနှင့်အာဟာရအခြေအနေ” အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၎င်းတို့အနက် အာရှတိုက်တွင် စားနပ်ရိက္ခာရှားပါးမှုနှင့် ကြုံတွေ့ရသူ (၄၁၈) သန်း၊ အာဖရိကတိုက်တွင်...