ဂျေရုဆလင် ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ တိုက်လေယာဉ်များသည် ဇူလိုင် ၃ ရက်တွင် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ၏ ဂါဇာဒေသရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်မှုဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် သေဆုံးဒဏ်ရာရရှိမှုစာရင်း မထွက်ပေါ်လာသေးကြောင်း သိရှိရသည်။
တိုကျို ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် စနေနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြီးမားသော ရွှံ့ညွန်ပြိုကျမှုဖြစ်ပွားပြီးနောက် လူ ၂ ဦးသေဆုံးပြီး အခြား ၂၀ ခန့် ပျောက်ဆုံးလျက်ရှိကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။
ကုလသမဂ္ဂ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) (၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဝင်ငွေအလယ်အလတ်အဆင့်ရှိနိုင်ငံများ အဆင့်မြင့် အစည်းအဝေးကို ဇူလိုင် ၂ ရက်တွင် ကျင်းပခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Volkan Bozkır နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် တို့မှ အမှာစကားပြောကြားခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအားလုံးက အစည်းအဝေးတက်ရောက်ခဲ့ကြကြောင်း သိရသည်။...
ဝါရှင်တန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်အခြေစိုက် အမေရိကန်တပ်များကို ဩဂုတ်လကုန်တွင် အပြီးရုပ်သိမ်းရန် ခန့်မှန်းထားကြောင်း အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေးဆိုင်ရာ အတွင်းရေးမှူး Jen Psaki က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။ Jen Psaki က ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်...
ဝါရှင်တန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီရှိ Surfsideမြို့နယ်တွင် ဖြစ်ပွားသည့် လူနေအဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပြိုကျမှုကြောင့် ဇူလိုင် ၂ ရက်အထိ သေဆုံးသူ (၂၂)ဦးအထိ မြင့်တက်လာခဲ့ရာ ၎င်းတို့အနက် (၃)ဦးမှာ ကလေးငယ်များဖြစ်ကြောင်းနှင့် ပျောက်ဆုံးနေဆဲဖြစ်သူ (၁၂၆) ဦးရှိကြောင်း...
ဝါရှင်တန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ကွန်ဒိုအဆောက်အဦတစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်စဉ်တွင် ကလေးရုပ်အလောင်း ၂ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူပေါင်း ၁၈ ဦးအထိ မြင့်တက်သွားပြီဖြစ်ကြောင်း Miami-Dade ကောင်တီ မြို့တော်ဝန် Daniella Levine Cava က ဗုဒ္ဓဟူးနေ့ တွင်...
နယူးဒေလီ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဆီသို့ စီးပွားရေးလုပ်ငန်းသုံး နိုင်ငံတကာလေကြောင်းပျံသန်းမှု အဝင်၊ အထွက်များကို ဇူလိုင် ၃၁ ရက်အထိ ရပ်နားထားမည်ဖြစ်ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူများက ဇွန် ၃၀ ရက်၌ ပြောကြားခဲ့သည်။
ပဲရစ် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ မြောက်ပိုင်း Douai မြို့ရှိ Renault Group ပြင်သစ်ကားထုတ်လုပ်ရေး ကုမ္ပဏီ သွားရောက်လေ့လာစဥ်တရုတ်နိုင်ငံ လုပ်ငန်းကုမ္ပဏီဖြစ်သည့် Envision Group လက်အောက်ရှိ ကုမ္ပဏီ က ယင်းနေရာတွင် ဘက်ထရီစက်ရုံတည်ဆောက်ရန် လာရောက်ရင်းနှီးမြှုပ်နှံသည့် အပေါ် ကြိုဆိုကြောင်း...
ဝါရှင်တန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna ၏ COVID-19 ကာကွယ်ဆေးသည် အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော ကူးစက်မြန် Delta မူကွဲဗိုင်းရပ်စ် အပါအဝင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်များအား ကာကွယ်နိုင်သည့်အလားအလာရှိသည်ကို ဓာတ်ခွဲခန်းတွေ့ရှိချက်က ဖော်ပြထားကြောင်း ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။
အော့တဝ ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ကနေဒါ နိုင်ငံ နှင့် အမေရိကန် နိုင်ငံ ရှိ အချို့သော ဒေသများတွင် အပူလှိုင်းဖြတ်သန်း တိုက်ခတ်မှုကြောင့် အပူချိန်သည် သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်သစ်များ တင်ခဲ့ကြောင်း သိရသည်။