မော်စကို ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးသည် အခြားမည်သည့်နိုင်ငံကိုမျှ တိုက်ရိုက်ဆန့်ကျင်ရန်မဟုတ်ကြောင်း နှင့် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက်သာ ဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ဆိုချီမြို့(Sochi) ၌ အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ပြုံယမ်း၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ပြီးခဲ့သည့်ရက်ပိုင်းက ရေငုပ်သင်္ဘောပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို အမေရိကန်မှ ပြစ်တင်ဝေဖန်ခြင်းသည် မြောက်ကိုရီးယား၏ တရားဝင် မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်အပေါ် တုန့်ပြန်မှုလွန်ကဲခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏အောက်တိုဘာ ၂၀ ရက် ကြေညာချက်တွင် ဖော်ပြထားကြောင်း KNCA၏အောက်တိုဘာ ၂၁ ရက် သတင်းများအရ သိရသည်။ အမေရိကန်အစိုးရနှင့်စစ်ဘက်ဆိုင်ရာက မြောက်ကိုရိးယား၏ တရားဝင် မိမိကိုယ်ကို...
ဆိုးလ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံအရှေ့ဘက်အစွန်ဆုံး Dokdo (ဂျပန်က Takeshima ဟုခေါ်သော) ကျွန်းစု၌ ငါးဖမ်းလှေတစ်စီးတိမ်းမှောက်ပြီးနောက်တရုတ်သင်္ဘောသားနှစ် ဦး ကို အောက်တိုဘာ ၂၁ ရက်တွင် ကယ်တင်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။ ကယ်ဆယ်ရေးအဖွဲ့ဝင်နှစ်ဦး နှင့်အတူ တောင်ကိုရီးယားသင်္ဘောသားတစ် ဦးအား ရဟတ်ယာဉ်ဖြင့်ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်းအခြားအသက်ရှင်ကျန်ရစ်သူမတွေ့ရကြောင်း...
ဘရပ်ဆဲလ် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက မြောက်အတ္တလန္တိတ်မဟာမိတ်အဖွဲ့(NATO) သို့စေလွှတ်ထားသော ၎င်း၏ သံကိုယ်စားလှယ်အဖွဲ့ကို ဆိုင်းငံ့ရန် နှင့် မော်စကိုမြို့ရှိ နေတိုးမဟာမိတ်ရုံးများအား ပိတ်ပစ်ရန် ဆုံးဖြတ်ထားလင့်ကစား နေတိုးအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ စေ့စပ်ညှိနှိုင်းရန် လမ်းကြောင်းများကို ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း နေတိုး(NATO)အတွင်းရေးမှူးချုပ် Jens Stoltenberg က အောက်တိုဘာ...
မော်စကို ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ရုရှားတိုက်လေယာဉ်များသည် အောက်တိုဘာ ၂၀ ရက်တွင် အမေရိကန် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းအား ပင်လယ်နက်၏ ကြားနေရေပိုင်နက်ပေါ်တွင် လိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ရုရှားရေဒါများက ပင်လယ်နက်ပေါ်တွင် ရုရှားနယ်နိမိတ်အား ချဉ်းကပ်လာသည့် လေကြောင်းပစ်မှတ်များအား ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း နှင့် တုန့်ပြန်သည့်အနေဖြင့် Su-30...
ဂျေရုဆလင်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ပါလက်စတိုင်းလူထုနှင့် အစ္စရေးရဲတပ်ဖွဲ့ဝင်များအကြား အောက်တိုဘာ ၁၉ ရက်က အရှေ့ဂျေရုဆလင်ရှိ ဂျေရုဆလင်မြို့ဟောင်း ဒမတ်စကပ်စ်ဂိတ်အနီးတွင် ပဋိပက္ခဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁၉ ရက်သည် အစ္စလာမ်ဘာသာ၏ အရေးကြီးပွဲတော်ဖြစ်သည့် တမန်တော်မိုဟာမတ်၏ မွေးနေ့ပွဲတော်ဖြစ်ရာ...
ဒမတ်စကပ်စ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ် အလယ်ပိုင်းတွင် အောက်တိုဘာ ၂၀ ရက်က စစ်တပ်ဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးလူ ၁၃ ဦး သေဆုံးပြီး အခြားသူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနိုင်ငံပိုင် SANA သတင်းအေဂျင်စီကဖော်ပြသည်။
ဂျေရုဆလင်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ၌ COVID-19 ဒယ်လ်တာ (Delta) ဗီဇပြောင်းဗိုင်းရပ်စ် “AY4.2” အား အောက်တိုဘာ ၁၉ ရက်တွင် ပထမဆုံးတွေ့ရှိခဲ့ကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရေကြီးရေလျှံမှုဒဏ်ခံစားရသော အက်ထရာခန်ပြည်နယ်တွင် သေဆုံးသူ အရေအတွက်မှာ ၃၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Pushkar Singh Dhami က ရေလွှမ်းမိုးသောဧရိယာအား ဝေဟင်မှစစ်တမ်းကောက်ယူပြီးနောက် အောက်တိုဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။
လန်ဒန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) အင်္ဂလိပ်ပရီးမီးယားလိဂ်က ၎င်းတို့၏ ကစားသမား ၆၈ ရာခိုင်နှုန်းသည် COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီးဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် အတည်ပြုခဲ့သည်။