အော့တဝါ ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ၊ ဆဒ်ဘူရီ မြို့ Vale’ Totten သတ္တုမိုင်းတွင်းရှိ မြေအောက်၌ ပိတ်မိနေသည့် မိုင်းလုပ်သား ၃၉ ဦးလုံးအား ကယ်တင်နိုင်ခဲ့ကြောင်း CTV ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂၉ ရက်က ဖော်ပြချက်အရ သိရသည်။
ကဘူးလ် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက လှူဒါန်းသည့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်း အသုတ်တစ်သုတ်သည် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရောက်ရှိလာခဲ့ပြီး အာဖဂန်ဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အယ်လ်ဂျီးယား၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း Constantine ပြည်နယ်တွင် တည်ရှိပြီး တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်သော Sinovac COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုကို စက်တင်ဘာ ၂၉ ရက်က စတင်ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဗြိတိန်က ယခုနှစ် နှစ်ကုန်ပိုင်းတွင် အီတလီ၊ ဆွီဒင်နှင့်သဘောတူမှုစာချုပ် ချုပ်ဆိုရန်ရှိရာ ဗြိတိန်က ဦးဆောင်သည့် မျိုးဆက်သစ် တိုက်လေယာဉ်”Tempest” ပူးပေါင်းတီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၊ ဂျပန်နှင့်သက်ဆိုင်ရာဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ဗြိတိန်လေကြောင်း အာကာသစနစ် ကုမ္ပဏီ(BAE)က စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ကီတို ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း Guayaquil ကမ်းရိုးတန်းမြို့၌ စက်တင်ဘာ ၂၈ ရက်တွင် ဖြစ်ပွားသော ထောင်ဆူမှုအတွင်း ကနဦးသတင်းပေးပို့ချက်အရ သေဆုံးသူ အရေအတွက် ၃၀ ရှိခဲ့ရာမှ အီကွေဒေါနိုင်ငံ တာဝန်ရှိသူများက စက်တင်ဘာ ၂၉ ရက်တွင် အကျဉ်းသားသေဆုံးမှု ၁၀၀...
ဖနွမ်းပင်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး ၃ သန်း ပါဝင်သောအသုတ်သစ်တစ်သုတ်သည် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်သို့ စက်တင်ဘာ ၂၈ ရက်၌ ရောက်ရှိလာခဲ့ကြောင်း အဆင့်မြင့်ကျန်းမာရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်သည် BRICS New Development Bank (NDB) ၏ ပထမဆုံးအဖွဲ့ဝင်နိုင်ငံသစ်ဖြစ်လာခဲ့ကြောင်း ၎င်းဘဏ် ဥက္ကဋ္ဌ Marcos Troyjo က စက်တင်ဘာ ၂၈ ရက်တွင်ပြောခဲ့သည်။
ကဘူးလ် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) အာဖဂန်အစိုးရတာဝန်ရှိသူများက အာဖဂန်ပိုက်နက် ဝေဟင်အပေါ် မောင်းသူမဲ့ဒရုန်းဖြင့် ကင်းလှည့်ခြင်းအား ရပ်တန့်ရန် အမေရိကန်နိုင်ငံအား တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက စက်တင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) ရုရှားတိုက်လေယာဉ်တစ်စင်းက စက်တင်ဘာ ၂၈ ရက်တွင် ပင်လယ်နက်ပေါ် ပျံသန်းနေသည့် အမေရိကန်ကင်းထောက်လေယာဉ်တစ်စင်းအား အတူလိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပြုံယမ်း၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) မြောက်ကိုရီယား ကာကွယ်ရေး သိပ္ပံအကယ်ဒမီက အသစ်တီထွင် ထုတ်လုပ်ထားသော အသံထက်မြန်သည့်ဒုံးကျည်သစ် Hwasong-8 ကို Jagangပြည်နယ် Ryongrimကောင်တီ Toyang-riတွင် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်ကြောင်း KCNA သတင်းဌာန ၏ စက်တင်ဘာ...