စတော့ဟုမ်း ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါ မသေချာမရေရာမှုများကြောင့် ယခုနှစ်အတွက် နိုဗယ်လ်ဆုရရှိသူများအနေဖြင့် ၎င်းတို့၏ မိခင်နိုင်ငံတွင်သာ ဆုကို အသီးသီးလက်ခံရယူသွားရမည့် ဒုတိယမြောက်နှစ်ဖြစ်လာကြောင်း နိုဗယ်လ်ဖောင်ဒေးရှင်းက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ကီးယက်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) ၏ ထိပ်တန်းလက်ထောက်တစ်ဦးဖြစ်သော Serhiy Shefir သည် စက်တင်ဘာ ၂၂ ရက်က ၎င်း၏မော်တော်ကားကို အမည်မသိသော လုပ်ကြံသူများမှ တိုက်ခိုက်ချိန်တွင် အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း ယူကရိန်း အမျိုးသား...
နယူးဒေလီ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယအမျိုးသားကာကွယ်ရေးတက္ကသိုလ် (NDA) သို့ အမျိုးသမီးများဝင်ရောက်ခွင့်အား နောက်နှစ်မေလအထိရွှေ့ဆိုင်းရန် ဖက်ဒရယ်အစိုးရ၏ တောင်းဆိုချက်ကို အိန္ဒိယထိပ်တန်းတရားရုံးက စက်တင်ဘာ ၂၂ ရက်တွင်ပယ်ချခဲ့သည်။
ဘန်ကောက် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက မြို့တော်ဘန်ကောက် နှင့် အခြား အဓိက ခရီးသွားနေရာများတွင် ကာကွယ်ဆေးထိုးနှံရေး ရည်မှန်းထားသည့််ပမာဏထက်များစွာ နောက်ကျ ကျန်ရစ်နေသဖြင့် ယင်းနေရာများအား နိုင်ငံခြားခရီးသွားများ ပြန်လည်ဖွင့်လှစ်မှုကို နိုဝင်ဘာလအထိ ရွှေ့ဆိုင်းရန် စီစဉ်လိုက်ကြောင်း သိရသည်။
ပဲရစ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တို့သည် ဩစတြေးလျ-ယူကေ-အမေရိကန် (AUKUS) သုံးနိုင်ငံ လုံခြုံရေးမိတ်ဖက်ဆက်ဆံရေးသစ်နှင့် ပတ်သက်၍ စက်တင်ဘာ ၂၂ ရက်က...
ဝါရှင်တန်၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) Pfize ကိုဗစ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့်ကို အမေရိကန် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာန(FDA)က စက်တင်ဘာ ၂၂ ရက်တွင် ပြင်ဆင်ခဲ့ရာ သက်ကြီးရွယ်အိုနှင့်ကူးစက်မှုအန္တရာယ်များလူအုပ်စုများအား Pfizeကိုဗစ်ကာကွယ်ဆေး ဒုတိယတစ်လုံးထိုးနှံပြီး အနည်းဆုံး ၆ လကြာတွင် အားဖြည့်ကာကွယ်ဆေးထပ်ထိုးရန် ခွင့်ပြု ခဲ့သည်။
ကူမင်း ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) တရုတ် ၊ လာအို ၊ မြန်မာ နှင့် ထိုင်း နိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ၁၀၉ ကြိမ်မြောက် မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်မှု အစီအစဉ်ကို စက်တင်ဘာ ၂၁ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မက်ဒရစ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ Canary ကျွန်းများရှိ La Palma ကျွန်းပေါ်ရှိ Cumbre Vieja မီးတောင်ပေါက်ကွဲမှုမှာ ၂၄ ရက်မှ ၈၄ ရက်ကြား ကြာရှည်နိုင်မည်ဟု ခန့်မှန်းထားကြောင်း Canary ကျွန်းများဆိုင်ရာ မီးတောင်ဗေဒအင်စတီကျု (INVOLCAN) က စက်တင်ဘာ...
ဂျေရုဆလမ် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဂျူး နှင့် အာရပ် အမျိုးသမီးများသည် စက်တင်ဘာ ၂၂ ရက်တွင် ဂျေရုဆလမ်မြို့၌ စုဝေးကြပြီး အစ္စရေး နှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဩစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံများက အောကပ်စ် (AUKUS) လုံခြုံရေးမိတ်ဖက်ဆက်ဆံရေးအသစ် ထူထောင်လိုက်ခြင်းဖြင့် ပြင်သစ်နိုင်ငံအပေါ် ပြုမူလိုက်သောနည်းလမ်းသည် “လက်သင့်ခံနိုင်ဖွယ်မရှိကြောင်း” ပြောကြားခဲ့သည်။