လန်ဒန်၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့ရာ နိုင်ငံခြားရေး၊ တရားစီရင်ရေး၊ ပညာရေးနှင့် အိမ်ရာဝန်ကြီးစသည့်နေရာများကို အပြောင်းအလဲပြုလုပ်ခဲ့သည်။
ဂျေရုဆလင်၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) အစ္စရေးနှင့်ဥရောပသမဂ္ဂ (အီးယူ) တို့သည် COVID-19 ကာကွယ်ဆေး လက်မှတ်များ နှစ်ဖက် အပြန်အလှန်အသိအမှတ်ပြုရန် စက်တင်ဘာ ၁၅ ရက် ကသဘောတူခဲ့ကြကြောင်း အစ္စရေးနိုင်ငံ၏ ကျန်းမာရေးဝန်ကြီး Nitzan Horowitz ပြောသည်။
ကဘူးလ် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံသည် နိုင်ငံအား ကာကွယ်ရန်အတွက် မကြာမီကာလတွင် အမြဲတမ်းစစ်တပ် ရှိလာလိမ့်မည်ဟု တာလီဘန် စစ်ဦးစီးချုပ် Qari Fasihuddin က ပြောကြားခဲ့သည်။
ဝါရှင်တန်၊စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုကို အမေရိကန်နိုင်ငံက စက်တင်ဘာ ၁၅ ရက်တွင် ရှုတ်ချလိုက်ပြီး မြောက်ကိုရီးယားနိုင်ငံအား အမေရိကန်နိုင်ငံနှင့်အတူ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။
ကွန်ဒုဇ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒုဇ်ပြည်နယ်ရှိ တာလီဘန် ထောက်လှမ်းရေးအကြီးအကဲက အိုင်အက်စ်အုပ်စုနှင့် မိတ်ဖက် ဒေသခံစစ်သွေးကြွများ တည်ရှိနေသည်ဟူသော သတင်းများမှာ အခြေအမြစ်မရှိ လုပ်ကြံပြောဆိုခြင်းဖြစ်ကြောင်း ငြင်းဆိုလိုက်သည်။
ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) Apple က iPad (နဝမမျိုးဆက်) နှင့် iPad mini အသစ်တို့ ကို စက်တင်ဘာ ၁၄ ရက်တွင် မိတ်ဆက်ခဲ့သည်။
ဆိုးလ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် အမျိုးအမည်မသိ ပဲ့ထိန်းဒုံးကျည်နှစ်စင်းအား အရှေ့ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က စက်တင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။
အူလန်ဘာတာ ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ၌ အိမ်မွေးကြောင်နှစ်ကောင်တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း တိရစ္ဆာန်ကူးစက်ရောဂါများအတွက် အမျိုးသားစင်တာက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်အရေးတွင် ဥရောပသမဂ္ဂက သက်ရောက်မှုရှိလိုပါက အာဖဂန်တာလီဘန်တို့နှင့်ထိတွေ့ဆက်ဆံမှုမှလွဲ၍ အခြားရွေးချယ်စရာမရှိဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒအဆင့်မြင့်ကိုယ်စားလှယ် Josep Borrellက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက လာမည့်ငါးနှစ်အတွင်း လူပေါင်း ၁ သန်း ဆွဲဆောင်ရန် ရည်ရွယ်၍ အလားအလာမြင့်မားသောနိုင်ငံခြားသားများ ရေရှည်နေထိုင်ခွင့် အစီအမံများကို စက်တင်ဘာ ၁၄ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။