ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ) အကြမ်းဖက်ခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်ဖို့ တိုကျိုအိုလံပစ်နှင့် တိုကျိုမသန်စွမ်းအိုလံပစ်ပွဲတော် ကျင်းပမည့်ကာလအတွင်း ပြိုင်ပွဲနေရာကို “မပျံသန်းရဇုန်”အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက မေ ၆ ရက်တွင် ပြောကြားခဲ့သည်။
ဘရာဇာဗီလီ၊ မေ ၅ ရက် (ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Clement Mouamba သည် ၎င်း၏နုတ်ထွက်စာကို အစိုးရအဖွဲ့သမ္မတ Denis Sassou Nguesso ထံသို့ ဧပြီ ၅ ရက်တွင် ပေးအပ်ခဲ့ကြောင်း သမ္မတနှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ခုမှ သိရသည်။ ဝန်ကြီးချုပ်၏ နုတ်ထွက်စာကို...
ဘာလင် ၊ မေ ၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Angela Merkel က ဥရောပ-တရုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်သည် ခွင့်ပြုချက်ရရှိရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်အတွင်း အခက်အခဲ အချို့နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ယင်းသဘောတူညီချက်မှာ အရေးပါသည့် ကတိပြုချက် တစ်ခုဖြစ်ပြီး ဥရောပ-တရုတ် နှစ်ဘက်စလုံးအတွက်...
ရောမ ၊ မေ ၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် နှင့် အီးယူ တို့က မေ ၅ ရက်၌ အွန်လိုင်းမှတစ်ဆင့် ပူးတွဲ ထုတ်ပြန်ကြေညာသည့် “၂၀၂၁ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာအရေး အစီရင်ခံစာ” တွင်...
ဂျီနီဗာ၊ မေ ၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည် ၄၅၀ ဦးကိုကယ်ဆယ်ခဲ့ကြောင်းနှင့် အီတလီနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း မေ ၄ ရက်က ကြေညာခဲ့သည်။
ပေကျင်း၊ မေ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Mesquiteမြို့တွင် မေ ၄ ရက်က ရဲတပ်ဖွဲ့ဝင်(၂)ဦး၏ ပစ်ခတ်မှုကြောင့် Ashton Pinkeအမည်ရှိ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
ကဘူးလ် ၊ မေ ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၄ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစိုးရတပ်ဖွဲ့အနေဖြင့် တာလီဘန် လက်နက်ကိုင် ၁၈၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
ဘန်ကောက် ၊ မေ ၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက ယခုနှစ်ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈၆ သန်းထိ ရှိခဲ့ကြောင်း အဆင့်မြင့်အစိုးရအရာရှိတစ်ဦးက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး၊ မေ ၅ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ တောင်ပိုင်း မက္ကဆီကိုစီးတီးမြို့တွင် မေ ၃ ရက် ညပိုင်းက ကောင်းကင်ရထားသံလမ်း ပြိုကျပြီးနောက် အနည်းဆုံး လူ ၂၃ ဦးသေဆုံးခဲ့ပြီး အခြားသူ ၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များ၏ အဆိုအရ သိရသည်။
ပေကျင်း၊ မေ ၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် အသက် (၁၄)နှစ်နှင့်အောက် ကလေးငယ်များ၏ လူဦးရေသည် (၁၄.၉၃)သန်း ရှိရာ ၎င်းမှာ ၁၉၅၀ ပြည့်နှစ် မှတ်တမ်းထားရှိသည့်နောက်ပိုင်း လူဦးရေအနည်းဆုံးစံချိန်ချိုးခဲ့ခြင်းပြီး နှစ်ပေါင်း(၄၀)ဆက်တိုက် လျော့နည်းလာခြင်းလည်းဖြစ်ကြောင်း ဂျပန် ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ မေ ၄ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။