ပေကျင်း၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)၏ အဆင့်မြင့်အရာရှိတစ်ဦးသည် အီရတ်နှင့်ဆီးရီးယားနယ်စပ်၌ မောင်းသူမဲ့ယာဉ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း အီရတ်နိုင်ငံ စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်များက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ကူဝိတ်စီးတီး ၊ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ကူဝိတ်နိုင်ငံက နိုင်ငံခြား အိမ်အကူလုပ်သားများကို ပြန်လည်ဝင်ရောက်ခွင့်ပြုမည့် အစီအစဉ်အား မီးစိမ်းပြလိုက်ပြီဖြစ်ကြောင်း ကူဝိတ်နိုင်ငံလေကြောင်းပျံသန်းရေးအေဂျင်စီ(DGCA) ညွှန်ကြားရေးမှူးချုပ်က ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ၊ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမြင့်ဆုံးစီးပွားရေးမူဝါဒဖော်ဆောင်ရေးကောင်စီက ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၆.၉၃ ဘီလီယံ(အမေရိကန်ဒေါ်လာ သန်း ၈၂၀ ) တန်ဖိုးရှိ နိုင်ငံ၏တတိယမြောက် ရေအောက် အင်တာနက် ကေဘယ်ကြိုးလိုင်း တပ်ဆင်ရေးစီမံကိန်းအတွက် ဒီဇင်ဘာ ၁ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။ (၁ ဒေါ်လာ=၈၆ တာကာ)
ဝါရှင်တန်၊ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ အစိုးရရှေ့နေချုပ်William Barr က ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ၏ ရလဒ်ကို ပြောင်းလဲပစ်ရန် နေရာအနှံ့အပြား မဲမသမာမှုဖြစ်စဉ်များ သက်သေပြနိုင်ခြင်း မတွေ့ရကြောင်း အမေရိကန်တရားရေးဌာန(DOJ)သို့ ဒီဇင်ဘာ ၁ ရက်တွင် ထွက်ဆိုပြောကြားခဲ့သည်။
ရောမ ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် စမတ်ဖုန်းထုတ်လုပ်သည့် Apple ကုမ္ပဏီသည် အီတလီနိုင်ငံတွင် လွဲမှားစွာကြော်ငြာခြင်း နှင့် စီးပွားရေး မလျော်မကန် လုပ်ဆောင်ခြင်း တို့ကြောင့် ဒဏ်ကြေးငွေ ယူရို ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁၂ သန်း) ပေးဆောင်ရန် ချမှတ်လိုက်ကြောင်း အီတလီနိုင်ငံ...
ပါရီ ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်က တေးသံသွင်းပိုင်ရှင် လူမည်းအမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်နေသည့် ဗီဒီယိုရုပ်သံဖိုင်နှင့်ပတ်သက်၍ နိုင်ငံအတွက် “ လုံးဝလက်ခံနိုင်စရာမရှိ ၊ ရှက်ရွံ့ဖွယ်ဖြစ်ကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။
နန်နင်း ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး လတ်တလောနှစ်ပိုင်းအတွင်း တရုတ်-အာဆီယံ အတူတကွပူးပေါင်းဆောင်ရွက်မှုက ပိုမိုနက်ရှုှိုင်းလာခဲ့ပြီး တွဲခေါ်နိုင်စွမ်းကလည်း ပိုမိုအားကောင်းလာခဲ့ကြောင်း ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု၏ဖုံးလွှမ်းမှုကလည်း ပိုမိုကျယ်ပြန့်လာခဲ့ပြီး စက်မှုလုပ်ငန်းကွင်းဆက် နှင့် တန်ဖိုးကွင်းဆက် တို့ကို ပိုမို အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း ၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်သည့် အရေးကြီးသော...
ကိုလံဘို၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် သီရိလင်္ကာနိုင်ငံတွင် အဝေးပြေးလမ်းမကြီးများခင်းရာတွင် ကုန်ကြမ်းအဖြစ် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာက နိုဝင်ဘာ ၂၈ ရက်နေ့၌ သတင်းဖော်ပြခဲ့သည်။
တီဟီရန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အီရန်နိုင်ငံရှိ အဆင့်မြင့် နျူကလီးယား ရူပဗေဒပညာရှင် Mohsen Fakhri Zadeh သည် မြို့တော် တီဟီရန်အနီးတွင် နိုဝင်ဘာ ၂၇ ရက်က “လက်နက်ကိုင် အကြမ်းဖက်သမားများ” ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက...
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး လမ်းကြောင်းပြ ဝေလငါး အကောင် ၁၀၀ နီးပါး ယခုရက်ပိုင်းများတွင် နယူးဇီလန်နိုင်ငံ ၏ လူသူအရောက် အပေါက်နည်းသည့် အစွန်အဖျားပင်လယ်ကျွန်းကမ်းခြေတစ်ခု၌ အုပ်စုလိုက် သောင်တင်နေခဲ့ကြောင်း၊ ထိုဖြစ်ရပ်ကို နောက်ကျမှ တွေ့ရှိခဲ့သဖြင့် ဝေလငါးအများစုမှာ သေဆုံးသွားခဲ့ကြောင်း နယူးဇီလန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက နိုဝင်ဘာ...