ဗျူနိုအေရစ် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ကွယ်လွန်သွားသော အာဂျင်တီးနားဂန္တဝင်ဘောလုံးသမား ဒီယေဂိုမာရာဒိုနာ၏ ခန္ဓာကိုယ်ပေါ်တွင်မည်သည့် ဒဏ်ရာလက္ခဏာမျှမတွေ့ရကြောင်း နှင့် ၎င်းသည် သဘာဝအတိုင်း လူကြီးရောဂါများဖြင့်ကွယ်လွန်သွားခြင်းသာဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံ San Isidro မြို့မှ ရှေ့နေချုပ် John Broyad က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဘမ်ယန်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဘမ်ယန်ပြည်နယ် မြို့တော် ဘမ်ယန်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် နိုဝင်ဘာ ၂၄ ရက်က ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး ၅၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက...
တိုကျို၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နှင့်အတူ နိုဝင်ဘာ ၂၄ ရက်က တိုကျိုမြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံအထွေထွေအုပ်ချုပ်ရေးအဖွဲ့(GSA)က ဂျိုးဘိုင်ဒန်အား တရားဝင် သမ္မတရာထူးလွှဲပြောင်းရေးအစီအစဉ် စတင်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ရီယတဒ်၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ညှိနှိုင်းပူးပေါင်းမှုများ ဆက်လက်ဆောက်ရွက်၍ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ကြရန် မဖြစ်မနေလိုအပ်ကြောင်း G20အဖွဲ့ ခေါင်းဆောင်များက နိုဝင်ဘာ ၂၁ ရက်တွင် အလေးထား ပြောကြားခဲ့သည်။
ကွာလာလမ်ပူ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(APEC) ၏ ၂၇ ကြိမ်မြောက် ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး အား နိုဝင်ဘာ ၂၀ ရက် တွင် အွန်လိုင်းကွန်ဖရန့်ပုံစံ ဖြင့်ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးအား ဦးစီးကျင်းပ ခဲ့သည့်...
ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) သည် မလေးရှားနိုင်ငံက ဦးစီးကျင်းပသော APEC ခေါင်းဆောင်များ အွန်လိုင်းအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ အတွက် ကာလရှည် အသေးစိတ် အစီအစဉ်သစ်ဖြစ်သော ၂၀၂၀ ပြည့်နှစ်အလွန် မျှော်မှန်းချက်...
ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ / စိုးမိုး G20 အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များအနေဖြင့် စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်၍ COVID-19 ကပ်ရောဂါ ၊ ရာသီဥတုပြောင်းလဲမှု နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ကြွေးမြီထူထပ်မှု စသည့် ခြိမ်းခြောက်မှု နှင့် စိန်ခေါ်မှု တို့ကို အတူတကွ ရင်ဆိုင်ဖြေရှင်းသွားကြရန်...
မော်စကို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နိုဝင်ဘာ ၂၀ ရက်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘရာဇီးလ်လေကြောင်းသွားလာမှုလုပ်ငန်းသည် COVID-19 ကပ်ရောဂါ၏ပြင်းထန်သည့် သက်ရောက်မှုမှ ပြန်လည်ဦးမော့လာခဲ့ပြီး ဒီဇင်ဘာတွင် ပြီးခဲ့သည့်နှစ် အလားတူကာလက စာရင်းရှိခဲ့သည့်ပမာဏ၏ ၈၀ ရာခိုင်နှုန်း ပြန်လည်ပတ်နိုင်ရန်မျှော်လင့်ထားကြောင်း လုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ်များက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။