ဘန်ကောက်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာသည် နိုင်ငံအတွင်း အဆိုးဝါးဆုံးဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး အထောက်အကူဖြစ်ရန် ရည်ရွယ်ထားသော ဆောင်ရွက်ချက်တစ်ခုဖြစ်သည့် နှာခေါင်းစည်းမတပ်ဆင်သည့်အတွက် ဧပြီ ၂၆ ရက်က ဒဏ်ငွေ ဘတ် ၆,၀၀၀ (အမေရိကန်ဒေါ်လာ ၁၉၁ ခန့်)...
မနီလာ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံလေတပ် (PAF)မှ ရဟတ်ယာဉ်တစ်စင်းသည် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Bohol ပြည်နယ်၊ Getafe မြို့ ရှိ ရေပြင်ထဲသို့ ဧပြီ ၂၇ ရက်နံနက်ပိုင်းတွင် ပျက်ကျခဲ့ရာ လေယာဉ်မှူးတစ်ဦးသေဆုံးပြီး၊ လေယာဉ်ဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်တပ်ဘက်မှဆိုသည်။
ကန်ဘာရာ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံက အိန္ဒိယနိုင်ငံတွင် COVID-19 ဖြစ်ပွားနေမှုကို တုံ့ပြန်သည့်အနေဖြင့် ထိုနိုင်ငံမှ လေကြောင်းခရီးစဉ်များအား ဆိုင်းငံ့လိုက်ကြောင်း သိရသည်။
ဂျကာတာ ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၏ မြောက်ဘက်ကမ်းလွန်ရှိ ပင်လယ်ကြမ်းပြင်၌ နစ်မြုပ်ပျောက်ဆုံးသွားသော KRI Nanggala-402 ရေငုပ်သင်္ဘောမှ ပိုမိုတိကျခိုင်မာသည့် သက်သေခံ အပျက်အစီး အစိတ်အပိုင်းများ နှင့် ယင်း၏ တည်နေရာကို ကယ်ဆယ်ရေးသင်္ဘောများက ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှားစစ်တပ်(TNI) က ဧပြီ ၂၅...
ကဘူးလ် ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံသို့ အရေးပေါ်အစားအစာအကူအညီ အသုတ်တစ်သုတ်ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီတွင် လက်ရှိ ကျင့်သုံးနေသည့် လော့ခ်ဒေါင်းအစီအမံများကို မေ ၃ ရက် နံနက် ၅ နာရီ အထိ နောက်ထပ် ရက်သတ္တတစ်ပတ်ကြာ ထပ်တိုးဆောင်ရွက်မည် ဖြစ်ကြောင်း နယူးဒေလီမြို့ ဝန်ကြီးချုပ် Arvind Kejriwalက ဧပြီ ၂၅...
ဝါရှင်တန်၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)ပထမကမ္ဘ ာစစ်ကာလ အော်တိုမန်အင်ပါယာတွင် အာမေးနီးယားလူမျိုးများ ကြုံတွေ့ခဲ့ရသည့် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းခံရမှုကို “လူမျိုးတုံးသတ်ဖြတ်မှု”အဖြစ် အမေရိကန်သမ္မတ ဘိုင်ဒင်က အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။
ဘဂ္ဂဒတ် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့ရှိ ကိုရိုနာဗိုင်းရပ်စ်လူနာကုသပေးသော ဆေးရုံတစ်ရုံတွင် မီးလောင်မှုအကြီးအကျယ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၄ ဦးသေဆုံးပြီး အခြား ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အစိုးရသတင်းအရင်းအမြစ်များက ဆင်ဟွာသို့ ယနေ့ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ပင်လယ်ပြင်တွင် ပျောက်ဆုံးနေသော ရေငုပ်သင်္ဘောမှ အစိတ်အပိုင်းများဟု ယူဆနိုင်သော အပျက်အစီးများကို အင်ဒိုနီးရှား ရှာဖွေရေးသမားများက တွေ့ရှိခဲ့ကြောင်း ရေတပ်စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး Yudo Margono က ဧပြီ ၂၄ ရက်၌ ပြောကြားခဲ့သည်။
ဦလန်ဘာတာ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) မွန်ဂိုးလီးယားနိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် သဲမုန်တိုင်းတိုက်ခြင်း များဖြစ်ပွားလျက်ရှိကြောင်း၊ လေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် ၁၅ မီတာမှ ၂၄ မီတာကြားရှိကြောင်း မိုးလေဝသနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်လေ့လာရေး အမျိုးသားအေဂျင်စီက ဧပြီ ၂၄ ရက်တွင်ပြောသည်။