ဟနွိုင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယခုအခါအားလျော့သွားပြီဖြစ်သော Molave တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၂၉ ရက် ညပိုင်းအထိ လူ ၂၃ ဦးသေဆုံးကာ ၄၇ ဦး ပျောက်ဆုံး၍ ၄၅ ဦး...
ဆိုးလ် ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံအမြင့်ဆုံးတရားရုံး က အကျင့်ပျက်ခြစားမှုစသည့် ပြစ်မှုများဖြင့် တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း Lee Myung-bak အား အောက်တိုဘာ ၂၉ ရက်၌ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့သည်။
မင်တို ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့က လတ်တလောရက်ပိုင်းအတွင်း နိုင်ငံမြောက်ပိုင်း Cabo Delgado ပြည်နယ်တွင် အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုတစ်ခု ဆောင်ရွက်ခဲ့ရာတွင် အကြမ်းဖက်သမား ၁၀၈ ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
ဘန်ကောက်၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်-ထိုင်း ရထားလမ်းပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ပထမကာလ(ဘန်ကောက်- နခွန်ရတ်ချစီမာ)လုပ်ငန်း စီမံကိန်း “Contract 2.3″သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ ရက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အိမ်တော်တွင် ကျင်းပခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ သတင်းများအရ သိရသည်။
မော်စကို၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ရုရှားတိုက်လေယာဉ်တစ်စင်းက ဘောလ်တစ်ပင်လယ်ပေါ်တွင် ပျံသန်းနေသော ဂျာမန် စစ်လေယာဉ်တစ်စင်းနှင့် အမေရိကန် စစ်လေယာဉ်တစ်စင်းတို့ကို အောက်တိုဘာ ၂၆ ရက်တွင် ကြားဖြတ်ဟန့်တားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အော့တဝါ ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ အောက်လွှတ်တော် က အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီ တင်သွင်းခဲ့သည့် အဆိုပြုချက်ကို အတည်ပြုခဲ့ပြီး ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau ခေါင်းဆောင်သည့် လစ်ဘရယ်ပါတီအစိုးရ ၏ COVID-19 ရောဂါ ရင်ဆိုင်ဖြေရှင်းမှု အခြေအနေ နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု...
ဂျီနီဗာ ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်(WTO) က အောက်တိုဘာ ၂၆ ရက်၌ အငြင်းပွားမှုဆိုင်ရာကိုင်တွယ်ဖြေရှင်းရေး အဖွဲ့အစည်း ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး အီးယူ မှ အမေရိကန်နိုင်ငံအား နှစ်စဉ် အများဆုံး အမေရိကန်ဒေါ်လာ ၃.၉၉ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများအပေါ် အခွန်တိုးချဲ့ကောက်ယူနိုင်ရန် တရားဝင်ခွင့်ပြုပေးခဲ့ပြီး...
လာဟိုး၊အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်ပေးသော ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ရထားလမ်း လိမ္မော်ရောင်လိုင်း(Orange Line) စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၅ ရက်က ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့တို့မှ အွန်လိုင်းဗွီဒီယိုချိတ်ဆက်၍ ကျင်းပခဲ့ကြောင်း သိရသည်။
ဗီယင်ကျန်း၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအား တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မော်တော်ယာဉ်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၃ ရက်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ကလေးမွေးဖွားမှုနှုန်း ၂၀၁၉ ခုနှစ်ထက် ပို၍ များစွာကျဆင်းနိုင်သည်ဟု ခန့်မှန်းပြီး ၎င်းမှာ ငါးနှစ်ဆက်တိုက် စံချိန်တင် ကျဆင်းခြင်း ဖြစ်ကြောင်း သိရသည်။