အစ္စလာမ်မာဘတ် ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)ပါကစ္စတန်နိုင်ငံစစ်ဘက်ဆိုင်ရာက အောက်တိုဘာ ၁၅ ရက်၌ နိုင်ငံအတွင်းအကြမ်းဖက်တိုက်ခိုက်မှု ၂ ခုဖြစ်ပွားခဲ့ပြီး စုစုပေါင်းလူ ၂၀ ဦး သေဆုံးခဲ့ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေရာအတော်များများတွင် အောက်တိုဘာ ၁၄ ရက်က ရေဖုံးလွှမ်းခဲ့ပြီး မော်တော်ယာဉ်များလည်း ရေနစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ လုံခြုံရေးကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အစိုးရက အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဗီယင်ကျန်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ အမျိုးသား COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီက နိုင်ငံ၏ COVID-19 နောက်ဆုံးလူနာကို ကုသပေးလျက်ရှိကြောင်း နှင့် ဖြစ်နိုင်သမျှမြန်မြန်ဆေးရုံမှဆင်းနိုင်တော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဟနွိိုင်း ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း နှင့် ကုန်းမြင့်ဒေသများတွင် မကြာသေးခင်ရက်များအတွင်း မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရေကြီးမှုနှင့်အတူ မြေပြိုမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၈ ဦးသေဆုံးပြီး အခြား ၁၂ ဦးပျောက်ဆုံးလျက်ရှိကြောင်း အလယ်ပိုင်းဒေသ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး...
ဝါရှင်တန် ၊အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ၏ စုစုပေါင်းပြင်ပကြွေးမြီသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၇၄ ဘီလီယံ ရှိခဲ့ရာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက်က ကမ္ဘာ့ဘဏ်အုပ်စု၏ နောက်ဆုံးထုတ်ပြန်သော နိုင်ငံတကာကြွေးမြီစာရင်းအင်း (IDS) အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ဘန်ကောက်၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ အလယ်ပိုင်း Chachoengsaoပြည်နယ်တွင် အောက်တိုဘာ ၁၁ ရက်က မီးရထားနှင့် ဘတ်စ်ကားတိုက်မိမှု ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ လူ ၁၇ ဦးသေဆုံးပြီး အခြား ၃၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံရှိ တက္ကသိုလ်တစ်ခုသို့ သွားရောက်လည်ပတ်စဉ် ဝန်ကြီးချုပ် Scott Morrison ၏ ကားကို ဒုက္ခသည်အခွင့်အရေးများအပေါ် မကျေနပ်သည့် ဆန္ဒပြလူအုပ်ကြီးက ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် မင်နီဖြင့် ဖျန်းပက်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က COVID-19 ရောဂါအတွက် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရာမှ သမ္မတ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အများပြည်သူရှေ့သို့ အောက်တိုဘာ ၁၀ ရက်က ထွက်လာခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ စကားစစ်ထိုးပွဲကော်မတီက အောက်တိုဘာ ၁၅ ရက်တွင်ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် သမ္မတရွေးကောက်ခံကိုယ်စားလှယ်လောင်း ဒုတိယအကြိမ် စကားစစ်ထိုးပွဲအားပယ်ဖျက်လိုက်ပြီး ကော်မတီအနေဖြင့် ယခုလ ၂၂ ရက်တွင်ကျင်းပပြုလုပ်မည့် နောက်ဆုံးအကြိမ်စကားစစ်ထိုးပွဲအပေါ် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။