ဘေရွတ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြို့ပြကာကွယ်ရေးအဖွဲ့က ဘေရွတ်မြို့ဆိပ်ကမ်းတွင် စက်တင်ဘာ ၁၀ ရက် အစောပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်မှုကြီးကို ၇၀ ရာခိုင်နှုန်းခန့် ထိန်းနိုင်ပြီဖြစ်ကြောင်း ဒေသတွင်း ရုပ်သံလိုင်း al-Jadeed က သတင်းဖော်ပြခဲ့သည်။
ကိုလံဘို၊စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများက သီရိလင်္ကာနိုင်ငံ၏ အခင်းအကျင်းကို ပြောင်းလဲလာစေမည်ဖြစ်ကြောင်း မြို့တော်ကိုလံဘိုရှိ တရုတ်နိုင်ငံတည်ဆောက်လျက်ရှိသည့် စီမံကိန်းကိုလာရောက်လည်ပတ်သည့် ခရီးစဉ်တွင် သီရိလင်္ကာဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး TharakaBalasuriya က ပြောကြားခဲ့သည်။
ကွာလာလမ်ပူ ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံဝန်ကြီးချုပ် မူယီဒင်ယာဆင် နှင့် မလေးရှားသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီး Wei Fenghe တို့သည် စက်တင်ဘာ ၇ ရက်ကတွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများအပေါ် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မော်စကို ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Wei Fenghe က တရုတ်နိုင်ငံအနေဖြင့် အစဉ်အမြဲ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို လိုက်ပါဆောင်ရွက်ကြောင်း နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးတည်ဆောက်ရန် ကတိကဝတ်ပြုကြောင်း စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် မျှော်လင့်ကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာက စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
ကိုင်ရို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အီဂျစ် ကွန်မြူနစ်ပါတီ (ECP) အတွင်းရေးမှူးချုပ် Salah Adly ကပြောကြားခဲ့သည်။
သဟိတ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) က ၎င်း၏ ရှေ့နေချုပ် နှင့် ရုံးအဖွဲ့ဝင်တစ်ဦးအား အမေရိကန်အစိုးရက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ခဲ့ခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်း စက်တင်ဘာ ၂ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
သဟိတ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) မန်ချက်စတာ ယူနိုက်တက်ဘောလုံးအသင်းသည် အေဂျက်ဘောလုံးအသင်းမှ ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒီဘိစ်(Donny van de Beek) အား လက်မှတ်ရေးထိုး ခေါ်ယူလိုက်ပြီဖြစ်ကြောင်း နှစ်ဖက်အသင်းက စက်တင်ဘာ ၂ ရက်တွင် ကြေညာချက် အသီးသီးထုတ်ပြန်ခဲ့သည်။
ကန်ချနာဘူရီ ၊ ထိုင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အနောက်ဘက် ၁၂၀ ကီလိုမီတာအကွာတွင် တည်ရှိသော ကန်ချနာဘူရီပြည်နယ်သည် ဝမ်းနည်းကြေကွဲဖွယ်ရာ သတင်းစကားအပြည့်ဖြစ် ထိုင်းနိုင်ငံ၏ အထင်ရှားဆုံး ကမ္ဘာလှည့်ခရီးသွားနေရာတစ်ခု ဖြစ်သည်။
ဘာလင်၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ သမ္မတ Frank-Walter Steinmeier သည် ဂျာမနီသို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား စက်တင်ဘာ ၁ ရက်က ဘာလင်မြို့ သမ္မတအိမ်တော်တွင် လက်ခံတွေ့ဆုံ၍ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရသည်။