ဝါရှင်တန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကပ်ရောဂါစတင်ပျံ့နှံ့ချိန်မှစတင်ကာ ယခုအထိ COVID-19 ကူးစက်ခံရသော ကလေးငယ် အရေအတွက် ၄၈၀၀၀၀ နီးပါးရှိကြောင်း အမေရိကန်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးအကယ်ဒမီ နှင့် ကလေးဆေးရုံအသင်းမှ ထုတ်ပြန်သော အစီရင်ခံစာ အသစ်တစ်စောင်အရ သိရသည်။
မော်စကို၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်နေသည့် ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲ (International Army Games 2020) ၏ တင့်ကားတစ်စီးချင်းယှဉ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံ တင့်ကားအဖွဲ့က အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံစစ်တပ်က နိုင်ငံအရှေ့တောင်ပိုင်း Chiapas ပြည်နယ်အတွင်းရှိ Palenque မြို့ငယ်လေးတစ်မြို့၏ လေဆိပ်တစ်ခုသို့ ဆင်းသက်လာသော လေယာဉ်တစ်စင်းပေါ်မှ ကိုကင်း ၁ ဒသမ ၃ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၃၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေးထံ ဖုန်းဆက်၍ ရုရှား-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် ၎င်း၏ လုပ်ဆောင်ချက်များအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
စင်ကာပူ ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံ နှင့် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံးပြည်နယ်တို့သည် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှသည် ပိုမိုခိုင်မာစွာ ပေါ်ထွက်လာမည်ဖြစ်ကြောင်း ၊ ကွမ်တုံး-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသသည် စင်ကာပူကုမ္ပဏီများအတွက် အဓိက ဈေးကွက်ကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ဩဂုတ် ၃၁ ရက်က နှစ်ဖက်ပူးတွဲထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင်...
ဝါရှင်တန် ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ) အမေရိကန်စစ်တပ်အနေဖြင့် ယခုနှစ်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်မည်မဟုတ်ဟု အမေရိကန်ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ထုတ်ဖော် ပြောကြားလိုက်သည်။
ဘာလင်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့သည် တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်လိုကြောင်းနှင့် နိုင်ငံစုံပါဝင်ရေးမူဝါဒအတွက် သာဓကတစ်ခုအဖြစ် တည်ရှိလိုကြောင်း ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကဲက ဩဂုတ် ၂၈ ရက်၌ ပြောခဲ့သည်။
ကန်ဘာရာ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ Christchurch မြို့ အကြမ်းဖက်သမား Brenton Harrison Tarrant အား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခြင်းကို ကြိုဆိုကြောင်း ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Scott Morrison က ပြောကြားခဲ့သည်။
တိုကျို၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကျန်းမာရေးအခြေအနေအရ ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း ယနေ့ (ဩဂုတ် ၂၈ ရက်) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဘေရွတ်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) UNESCO က ဘေရွတ်မြို့၏ အမွေအနှစ် အဆောက်အအုံများကို နဂိုမူလအတိုင်း ပြန်လည်ပြင်ဆင်ရာတွင် အသုံးပြုရန် ရန်ပုံငွေများရရှိရေး အတွက် “Beirut” အဆိုပြုချက်ကို စတင်လိုက်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) ညွှန်ကြားမှူးချုပ် Audrey...