တိုကျို၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကျန်းမာရေးကိစ္စကြောင့် ရာထူးမှနုတ်ထွက်ရန် စီစဉ်ထားကြောင်း NHK သတင်းဌာန၏ ယနေ့ (ဩဂုတ် ၂၈ ရက်) သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
တီဟီရန်၊ဩဂုတ်၂၇ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အဏုမြူစွမ်းအင်အဖွဲ့အစည်း (AEOI) က နိုင်ငံအတွင်းရှိ နေရာနှစ်နေရာသို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ စစ်ဆေးသူများအား ဝင်ရောက်ခွင့်ပြုရန် သဘောတူခဲ့ကြောင်း အီရန်နှင့် IAEA တို့အကြားပူးတွဲထုတ်ပြန်ချက်အရ သိရသည်။
သဟိတ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ) နယ်သာလန်နိုင်ငံ ဝန်ကြီးချုပ် Mark Rutte သည် ဩဂုတ် ၂၆ ရက်က သဟိတ်မြို့တွင် နယ်သာလန်သို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရောမ၊ဩဂုတ်၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ၎င်း၏ဥရောပခရီးစဉ်သည် ဥရောပနှင့်အတူ COVID-19 ရောဂါဆက်လက်တိုက်ဖျက်ရေး၊ ဥပရောပ၏ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံရေး၊ တရုတ်-ဥရောပ ဆက်ဆံရေးကို အဆင့်မြှင့်တင်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးစသည့် အဓိကအချက်လေးချက် ပါဝင်ကြောင်း ဩဂုတ်၂၅ ရက်က ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ သြဂုတ် ၂၆ (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ် ကရာချိမြို့တော်တွင် သြဂုတ်လအတွင်း ရွာသွန်းခဲ့သော သည်းထန်သည့် မုတ်သုံမိုးသည် ၃၆နှစ်အတွင်း မိုးရွာသွန်းမှုစံချိန်သစ်ဖြစ်ခဲ့ကြောင်း ပါကစ္စတန် မိုးလေဝသဌာန(PMD) က ပြောကြားခဲ့သည်။
မနီလာ၊ဩဂုတ်၂၅ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Sulu ပြည်နယ် Joloမြို့တွင် ဩဂုတ်၂၄ ရက်က ဖောက်ခွဲတိုက်ခိုက်မှုနှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၅ ဦး သေဆုံးပြီး ဒဏ်ရာသူ ၇၅ ဦး ရှိကြောင်းသိရသည်။
မော်စကို ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် 5G နည်းပညာအတွက် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergei Lavrov ၏ ပြောကြားချက်ကို ကိုးကား၍ TASS သတင်းဌာနက ဩဂုတ် ၂၃ ရက်တွင် ဖော်ပြခဲ့သည်။
ဒါကာ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာအသစ် ၂,၄၀၁ ဦးရှိခဲ့သဖြင့် ဩဂုတ် ၂၁ ရက်၌ စုစုပေါင်း ရောဂါဖြစ်ပွားသူဦးရေ ၂၉၀,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း သိရသည်။
ဘဂ္ဂဒက်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ သုံးနှစ်အတွင်း အီရတ်နိုင်ငံမှ ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း အီရတ်နှင့် အမေရိကန်က ဩဂုတ် ၂၀ ရက်က ကြေညာလိုက်ကြောင်း တရားဝင် Iraqi News Agency (INA) က သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က အီရန်နိုင်ငံအပေါ် အမြန်ဆုံး ပြန်လည် အရေးယူ ပိတ်ဆို့မှု ပြုလုပ်သွားရန် အမေရိကန်နိုင်ငံအနေဖြင့်တောင်းဆိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၁၉ ရက် တွင် ပြောကြားခဲ့သည်။