တီဟီရန် ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) အီရန် နှင့် ဆီးရီးယားနိုင်ငံတို့အကြား စစ်ရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု “ ဘက်စုံ” တိုးချဲ့ရန် ဇူလိုင် ၈ ရက်က သဘောတူလက်မှတ်တစ်ခု ရေးထိုးခဲ့ကြောင်း အီရန်နိုင်ငံပိုင် Fars News သတင်းအေဂျင်က ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက လာမည့်နှစ် ဇူလိုင်လတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ နုတ်ထွက်သွားမည်ဆိုသည့် တရားဝင်အကြောင်းကြာစာတစ်စောင်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် ထံသို့ ဇူလိုင် ၆ ရက်တွင် ပေးပို့လာသည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarricက ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။
နယူးယောက် ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ Johns Hopkins တက္ကသိုလ်၏ ဇူလိုင် ၆ ရက် ထုတ်ပြန်ကြေညာချက် အရ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂.၉ သန်းကျော် အထိ...
ကီးယက်ဗ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) “ဝူဟန့်-ကီးယက်ဗ်” တရုတ်-ဥရောပ ရထားကြီးသည် ယူကရိန်းနိုင်ငံ မြို့တော် ကီးယက်(Kiev)သို့ ပထမဆုံး အကြိမ်အဖြစ်ရောက်ရှိလာရာ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ဇူလိုင် ၆ ရက်က Liski ဘူတာကြီးတွင် ကျင်းပခဲ့ပြုလုပ်ခဲ့ကြောင်း နှင့် ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဖန်ရှန်းရုန်၊ယူကရိန်းနိုင်ငံ အခြေခံအဆောက်အဦတည်ဆောက်ရေးဝန်ကြီးဌာန...
တူးနစ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Noureddine Erray က ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ထိပ်တန်း ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် အန်တိုနီဖော့စီ(Anthony Fauci) က “ နိုင်ငံရဲ့ လက်ရှိအနေအထားဟာ အမှန်တကယ် လုံးဝ အခြေအနေမကောင်းပါဘူး” ဟု ဇူလိုင် ၆ ရက်တွင် သတိပေး ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့၏ မြို့တော်ဝန် Keisha Lance Bottoms က ၎င်းသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဇူလိုင် ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အက်ဒစ်အက်ဘာဘာ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ၌ နာမည်ကျော်အဆိုတော်တစ်ဦး သေဆုံးမှုကြောင့် ပဋိပက္ခဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ အိုရွမ်မီယာဒေသ(Oromia) နှင့် မြို့တော် အက်ဒစ်အက်ဘာဘာတွင် လူပေါင်း ၁၆၆ ဦးထိ သေဆုံးခဲ့ရကြောင်း ရဲသတင်းအရင်းအမြစ်များက ယနေ့ ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။
တိုကျို ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမတ်မိုတာ နှင့် ကာဂိုရှီမာ စီရင်စုများတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများကြောင့် လူ ၇ ဦးသေဆုံးခဲ့ကြောင်း နှင့် ယနေ့ ဇူလိုင် ၅ ရက်တွင် ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ခတ္တန္ဒူ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ပြီးခဲ့သော ရက်သတ္တပတ်က အိန္ဒိယနိုင်ငံဘက်မှ ဝင်ရောက်လာသော ကျိုင်းကောင်များ၏ ဖျက်ဆီးမှုကြောင့် နီပေါနိုင်ငံတွင် သီးနှံစိုက်ခင်း ဟက်တာ ၁,၁၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း သိရသည်။