ကမ္ဘာကြီးသည် နိုင်ငံစုံအာဏာဖြန့်ကျက်မှု ဖြစ်သင့်ကြောင်း၊ သို့ရာတွင် အမေရိကန်နိုင်ငံက ၎င်း၏ ဗိုလ်ကျကြီးစိုးမှုအား ထိန်းသိမ်းထားရန် အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးရေး ကြိုးပမ်းလျက်ရှိကြောင်း ရုရှားနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ က ပြောကြားခဲ့သည်။ (Xinhua) ……………………………………… (English Version) The world should be multi-polar, but...
ယခုနှစ် ကြီးမားလှသော ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ရှိပြီး ယင်းပမာဏမှာ နိုင်ငံ GDP ၏ ၁၀ ရာခိုင်နှုန်းခန့် ရှိကြောင်း ပါကစ္စတန်ဝန်ကြီးတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua) …………………………………… (English Version) Pakistan suffers over 30...
ပါလက်စတိုင်း၊ ရာမာလာမြို့အနေဖြင့် လမ်းမများပေါ်ရှိ လေလွင့်တိရစ္ဆာန်များ၏ ကာလရှည်ပြဿနာကို ဖြေရှင်းရေးအတွက် ယင်းဒေသရှိ သနားဖွယ် တိရစ္ဆာန်လေးများအား ကုသမှုပေးနိုင်ရန် ပထမဆုံး အများသုံး တိရစ္ဆာန်ဆေးကုစင်တာကို တည်ထောင်ခဲ့ကြောင်း သိရသည်။ (Xinhua) ……………………………………………… (English Version) To solve the long-standing problem of stray...
အိန္ဒိယနိုင်ငံ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှုအရ ပထမဆုံးကျင်းပသော G20 ကိုယ်စားလှယ်တော်များ အစည်းအဝေးက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ (SDGs) အကောင်အထည်ဖော်မှု မြှင့်တင်ရေး အာရုံစိုက်လျက် ဖိအားအများဆုံး ကမ္ဘာ့ရေးရာကိစ္စရပ်များဆိုင်ရာ ဆွေးနွေးမှုများအတွက် စင်မြင့်ဖြစ်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua) xhtxs.cn/Cm9 ……………………………………………… India hosts 1st...
စင်္ကာပူနိုင်ငံသားများအနေဖြင့် COVID-19 ရောဂါကူးစက်မှုလှိုင်းသစ်အား တွက်ဆထားသင့်ကြောင်း ၊ စိုးရိမ်ဖွယ်မျိုးဗီဇကွဲအသစ် ပေါ်ထွက်လာပါက နိုင်ငံရပ်ခြားတွင် ဖြစ်ပေါ်မှုများအား စောင့်ကြည့်စစ်ဆေးရန်နှင့် သတိထားကြရန် ပို၍ အရေးကြီးကြောင်း ကျန်းမာရေးဝန်ကြီး Ong Ye Kung က ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/Cnb ————————- Singapore to see new...
အင်ဒိုနီးရှားနိုင်ငံ၏ Semeru မီးတောင်သည် အမြင့်ပေ ၁.၅ ကီလိုမီတာအထိ ပြာမှုန်များ ပေါက်ကွဲမှုတ်ထုတ်ခဲ့ပြီး မီးတောင်ဆိုင်ရာသတိပေးချက်အဆင့် မြှင့်တင်ခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/Cni ————————– Indonesia’s Semeru volcano erupts, residents evacuated Indonesia’s Semeru volcano erupted with a...
လာအို – တရုတ် ချစ်ကြည်ရေး အထင်ကရစီမံကိန်း နှင့် လာအိုနိုင်ငံအား ကုန်းတွင်းပိတ်နိုင်ငံတစ်ခုမှ ကုန်းတွင်းချိတ်ဆက်ထားသည့် ဗဟိုချက်တစ်ခုသို့ ပြောင်းလဲရန် မဟာဗျူဟာစီမံကိန်းတစ်ခု ဖြစ်သည့် ကီလိုမီတာ ၁,၀၃၅ ရှည်လျားသော လာအို-တရုတ် ရထားလမ်းသည် လာအိုနိုင်ငံ၏ ဂုဏ်ကျက်သရေဆောင်တစ်ခုအဖြစ် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ချီးကျူးခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/ClJ...
ရုရှားနိုင်ငံအား ယူကရိန်းနိုင်ငံမှ တပ်ဖွဲ့များ ရုပ်သိမ်းရန် အမေရိကန်နိုင်ငံက ကြိုတင်သတ်မှတ်ချက် ချမှတ်မည်ဆိုပါက ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ညှိနှိုင်းရန် ပြင်ဆင်မည် မဟုတ်ကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားခဲ့သည်။ (Xinhua) ……………………………….. (English Version) Moscow is not prepared...
ရုရှား-ယူကရိန်း ပဋိပက္ခ စတင်ချိန်ကတည်းက လူပေါင်း ၁၄.၅ သန်းကျော် ယူကရိန်းနိုင်ငံက ထွက်ပြေးသွားခဲ့ကြောင်း နှင့် ၁၁.၇ သန်းသည် ဥရောပနိုင်ငံများသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။ (Xinhua) …………………………………….. (English Version) Over 14.5 million people have fled #Ukraine since...
“နိုင်ငံပေါင်း ၅၃ နိုင်ငံက လူပေါင်း ၂၂၂ သန်းထက်မနည်းက ၂၀၂၂ ခုနှစ် နှစ်မကုန်မီမှာ စားနပ်ရိက္ခာဖူလုံမှုမရှိခြင်းနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု လှုပ်ရှားသူများက ပြောကြားခဲ့ပြီး နိုင်ငံ ၃၇ နိုင်ငံရှိ ပြည်သူ ၄၅ သန်းမှာ ငတ်မွတ်ခြင်းအန္တရာယ်ရှိကြောင်း ဖြည့်စွက်ပြောခဲ့သည်။ (Xinhua) ………………………………………………...