လန်ဒန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဗြိတိန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူတစ်ဦးနှင့်ထိတွေ့ခဲ့သည်ဟု သတင်းရရှိပြီးနောက် ကွန်ဆာဗေးတစ် ပါတီ လွှတ်တော်အမတ်အချို့ တစ်ကိုယ်ရေသီးခြားနေထိုင်လျက်ရှိကြောင်း Sky News က နိုဝင်ဘာ ၁၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အလားတူအကြောင်းပြချက်ဖြင့် တစ်ကိုယ်ရေ...
ဝါရှင်တန်၊နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အသစ်ခန့်အပ်ခံရသော အမေရိကန်နိုင်ငံ ယာယီကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ခရစ်စတိုဖာမီလာ(Christopher Miller)က စစ်ပွဲအားလုံး အဆုံးသတ်ရမည်ဖြစ်ကြောင်း နှင့် တပ်ဖွဲ့ဝင်များအားလုံး အိမ်ပြန်ချိန်တန်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့် စာချွန်လွှာတစ်ခုထဲတွင်ဖော်ပြခဲ့သည်။
ဘူခါရက် ၊နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ရိုမေးနီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Piatra Neamt မြို့ရှိ ဆေးရုံတစ်ခု၏ COVID-19 ရောဂါ အထူးကြပ်မတ်ကုသဆောင်(ICU) ၌ နိုဝင်ဘာ ၁၄ ရက် နှောင်းပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၀ ဦးအထိ မြင့်တက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
မနီလာ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဖိလစ်ပိုင်နိုင်ငံ၌ ယခုသီတင်းပတ်အတွင်း တိုက်ခတ်ခဲ့သော Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်မှာ ၅၃ ဦးအထိမြင့်တက်လာခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့ (PNP) က နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃၀ ကျော်ကို COVID-19 ရောဂါဖြစ်ပွားမှုများကြောင့် အသွားအလာကန့်သတ်စောင့်ကြည့်ရခြင်း သို့မဟုတ် သီးသန့်ခွဲခြားနေထိုင်ခြင်း လုပ်ဆောင်နေရကြောင်း ဝါရှင်တန်ပို့စ်မှ နိုဝင်ဘာ ၁၃ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။
နယူးဒေလီ ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ နှစ်နိုင်ငံလုံးက ကက်ရှမီးယားဒေသရှိ နှစ်နိုင်ငံလက်တွေ့ထိန်းချုပ်ထားသည့် နယ်နိမိတ်မျဉ်း အနီးတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး နာကော်နို-ကာရာဘတ် (Nagorno-Karabakh) (နာကာ) ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် အရပ်သားများအပါအဝင် လူပေါင်း ၄ ထောင်ကျော်သေဆုံးခဲ့ပြီး ၈ ထောင်ကျော်ဒဏ်ရာရရှိခဲ့ကာ လူပေါင်း သောင်းနှင့်ချီ၍ စစ်ဘေးဒုက္ခဖြစ်ခဲ့ရကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင် က...
ဟနွိုင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များက ၃၇ ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေး ပထမနေ့တွင် COVID-19 ကပ်ရောဂါ တုံ့ပြန်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စာချုပ်စာတမ်းများစွာကို လက်ခံအတည်ပြုခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၁၁ ရက် ၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁၄၃,၄၀၈ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၁,၄၇၉ ဦးတိုးမြင့်ခဲ့ကာ ကမ္ဘာပေါ်တွင် တစ်နေ့အတွင်း ရောဂါထပ်မံကူးစက်ခံရသည့် စံချိန်သစ်ကို ဖြစ်ပေါ်စေခဲ့ကြောင်း...
မနီလာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဖိလစ်ပိုင်နိုင်ငံရှိ အဓိကကျွန်းဖြစ်သော လူဇုံကျွန်းတစ်ခွင် နိုဝင်ဘာ ၁၁ ရက်မှစ၍ Vamco တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၇ ဦးအထိရှိလာပြီဖြစ်ကြောင်း အစိုးရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီက နိုဝင်ဘာ ၁၂ ရက်တွင်...