ကပ်၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ကပ်(Kep)ပြည်နယ် ကပ်(Kep)မြို့တွင် ဇန်နဝါရီ ၃ ရက်က အဆောက်အဦတစ်လုံးပြိုကျမှုအတွင်းသေဆုံးသူဦးရေ ၃၆ ဦးအထိ မြင့်တက်လာပြီဖြစ်ပြီး အခြားဒဏ်ရာရသူ ၂၃ ဦးရှိသည်ဟု ယင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆင်ဟွာကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။
ထရီပိုလီ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီရှိ စစ်အကယ်ဒမီကျောင်းတစ်ခု ဇန်နဝါရီ ၄ ရက်က လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား ၂၈ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးဒဏ်ရာရခဲ့သည်ဟု လစ်ဗျား အမျိုးသား ညီညွတ်ရေးအစိုးရ စစ်တပ်က အချင်းပွားသည့်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို လစ်ဗျားအမျိုးသားတပ်မတော်ခေါင်းဆောင်Khalifa...
တီဟီရန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ဇန်နဝါရီ ၃ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒတ်လေဆိပ်အနီး၌ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားသည့် အီရန်နိုင်ငံ၏ ထိပ်တန်းစစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Qasem Soleimani အတွက် အီရန်ပြည်သူများက ဝမ်းနည်းပူဆွေးခဲ့ကြပြီး နိုင်ငံမြို့တော် တီဟီရန်မြို့၌ ဖယောင်တိုင်းမီးများ ထွန်းညှိကာ ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။
ဘေရွတ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) နစ်ဆန်း (Nissan) အကြီးအကဲဟောင်း ကားလို့စ်ဂွန်း (Carlos Ghosn) က ၎င်းအနေဖြင့် ဂျပန်နိုင်ငံမှ လက်ဘနွန်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ရန် စီစဉ်မှုတွင် ကိုယ်တိုင်လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ဂျကာတာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၄၃ ဦးသေဆုံးကာ လူဦးရေ ၄၃,၃၉၀,၀၀၀ ဦး နေရပ်ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ဘဂ္ဂဒတ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံထိပ်တန်းတပ်မှူး ဗိုလ်ချုပ် Qasem Soleimani သည် ယနေ့(ဇန်နဝါရီ ၃ ရက်) နံနက်အစောပိုင်းတွင် အီရတ်နိုင်ငံ ဘဂ္ဂဒတ်လေဆိပ်၌ အမေရိကန်၏ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားကြောင်း အီရတ်နိုင်ငံပိုင် ရုပ်သံက သတင်းဖော်ပြခဲ့သည်။
ဂျကာတာ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် အကြီးအကျယ် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ကြောင်း သဘာဝဘေးလျှော့ချရေးအေဂျင်စီက ဇန်နဝါရီ ၁ ရက်၌ ပြောကြားခဲ့သည်။
ပြုံယမ်း ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်များကို အဆင့်မြှင့်တင်ရန် အစိုးရအရာရှိကြီးများ နှင့် သိပ္ပံပညာရှင်များအား အမိန့်ပေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်(KCNA) သတင်းဌာနက ဇန်နဝါရီ ၁ ရက်တွင် ဖော်ပြခဲ့သည်။
မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Zacatecas ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းက ဆူပူမှုများဖြစ်ပွားခဲ့ရာ အကျဉ်းသား ၁၆ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့ရှိ အမေရိကန်သံရုံးတိုက်ခိုက်ခံရပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရတ်နိုင်ငံဝန်ကြီးချုပ် Adel Abdul Mahdi ထံ ဒီဇင်ဘာ ၃၁ ရက်တွင် ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်။