ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ် မန်ဒိုစီနို၊ လိတ်ခ်နှင့် ထရီနီတီနယ်မြေများတွင် အကြီးကျယ်ဆုံးလောင်ကျွမ်းခဲ့သည့် တောမီးကြောင့် မြေဧရိယာ ၁,၀၀၂,၀၉၇ ဧက (၄,၀၅၅ စတုရန်းကီလိုမီတာ) လောင်ကျွမ်းခဲ့ကြောင်းကယ်လီဖိုးနီးယားသစ်တောနှင့် မီးဘေးကာကွယ်ရေးဌာန (Cal Fire) က အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
မနီလာ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) လေကြောင်းလုပ်ငန်းများ ကိုဗစ် ကပ်ရောဂါ ဂယက် ရိုက်ခတ်မှုကို ဆက်တိုက်ခံနေရသောကြောင့် ကုမ္ပဏီအနေဖြင့် ဝန်ထမ်း ၂,၇၀၀ ဦး၊ စုစုပေါင်း ဝန်ထမ်းအရေအတွက်၏ ၃၅ ရာခိုင်နှုန်းခန့် လျှော့ချသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်လေကြောင်းလိုင်းကုမ္ပဏီ(Philippine Airlines)က ပြီးခဲ့သည့်ရက်များတွင် ကြေညာခဲ့သည်။
ဟူစတန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ အောက်တိုဘာ ၅ ရက်တွင် အဆောက်အဦ လှေကားခွင်တစ်ခု ပြိုကျမှု ဖြစ်ပွားရာ အနည်းဆုံး လူသုံးဦး သေဆုံးပြီး အခြား တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
စတော့ဟုမ်း၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်း မြို့လယ်ခေါင်ရှိ တိရစ္ဆာန်ဥယျာဉ်တွင် 5G နည်းပညာသုံး အလိုအလျောက်မောင်းနှင်နိုင်သည့် မော်တော်ယာဉ်စမ်းသပ်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ကိုင်ရို၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ရှေးဟောင်းသုတေသနအဖွဲ့တစ်ခုသည် အီဂျစ်နိုင်ငံ Giza ပြည်နယ်ရှိ သီးခြား သင်္ချိုင်းဂူတစ်ခုတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခန့်က သစ်သားခေါင်းတလား ၅၉ ခု ကို တူးဖော်တွေ့ရှိခဲ့ကြောင်း အီဂျစ် ခရီးသွားနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အရာရှိက အောက်တိုဘာ ၃ ရက်တွင် ကြေညာခဲ့သည်။
နယူးဒေလီ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်၌ ယနေ့နံနက်ပိုင်း (အောက်တိုဘာ ၄ ရက်) တွင် ဂလိုက်ဒါလေယာဉ်ငယ် တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ အိန္ဒိယရေတပ်(IN) မှ အရာရှိနှစ်ဦး သေဆုံးခဲ့ကြောင်း နယူးဒေလီမြို့ရှိ ရေတပ်အရာရှိ(IN) သတင်းအရင်းအမြစ်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ဟူစတန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရထံမှ အချက်အလက်များအရ တရုတ်နိုင်ငံအပေါ်ထားရှိသော အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒများသည် အောင်မြင်မှုမရှိကြောင်း တရုတ်နိုင်ငံအရေးလေ့လာသူ အမေရိကန် ကျွမ်းကျင်ပညာရှင်က အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ George H. W....
ရီဂါ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် ဥရောပတိုက်၏နိုင်ငံကြီးတစ်နိုင်ငံဖြစ်ရာ ဥရောပအနေဖြင့် ရုရှားနှင့်မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်ရန် လိုအပ်ကြောင်း လတ်ဗီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဘာလင် ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) လက်ရှိချိန်တွင် ဂျာမနီ နိုင်ငံတွင် အာဖရိကဝက်အပြင်းဖျား ရောဂါ ဖြစ်ပွားမှု ၃၈ ခုထိ ရှိလာခဲ့ပြီး ရောဂါကူးစက်ခံရသည့် ဝက်များမှာ တောဝက်များ ဖြစ်ကြကြောင်း နှင့် အိမ်မွေးဝက်များတွင် ကူးစက်ခံရမှု မတွေ့ရှိသေးကြောင်း ဂျာမနီ နိုင်ငံ...