လန်ဒန် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) အင်္ဂလန် ပရီးမီးယားလိဂ်မှ မန်ချက်စတာစီးတီးဘောလုံးအသင်းသည် စပိန်လူငယ်ကစားသမား ဖာနန် တောရက်စ်အား ဗလန်စီယာအသင်းထံမှ ငါးနှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဩဂုတ် ၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
လန်ဒန်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံရှိ ကဇာတ်ရုံဝန်ထမ်း ဦးရေ ၅,၀၀၀ ထက်မနည်းသည် COVID-19 ကြောင့် လုပ်ငန်းများ ပိတ်သိမ်းထားမှုအတွင်း အလုပ်အကိုင် ဆုံးရှုံးသွားခဲ့ရကြောင်း၊ ယင်းပမာဏ၏ ထက်ဝက်ကျော်မှာ လန်ဒန်မြို့မှဖြစ်ကြောင်း ကုန်သွယ်ရေးသမဂ္ဂအစီရင်ခံစာ၌ ဖော်ပြထားသည်။
မော်စကို ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ရုရှားတိုက်လေယာဉ်က သြဂုတ် ၄ ရက်တွင် Barents ပင်လယ်ပြင်ပေါ် ဖြတ်သန်း ဝင်ရောက် လာသော နော်ဝေနိုင်ငံမှ ကင်းထောက်လေယာဉ် တစ်စင်းကို တားဆီး လိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် စက်တင်ဘာလ အစောပိုင်း၌ ကျင်းပရန်လျာထားသော တရုတ် နိုင်ငံတကာဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်ရေးပြပွဲအတွက် အရှိန်မြှင့်လုပ်ဆောင်နေကြောင်း၊ ယင်းပြပွဲတွင် အွန်လိုင်းရော အော့ဖ်လိုင်း (offline) ပါ ပြပွဲများပါဝင်မည်ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဩဂုတ် ၄ ရက်၌ ပြောကြားခဲ့သည်။
ဘိုဂိုတာ ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ကိုလံဘီယာ နိုင်ငံ တရားရုံးချုပ်က အဂတိလိုက်စားမှု ၊ သက်သေအား လာဘ်ထိုးမှု နှင့် လိမ်လည်မှုများဖြင့် သံသယ ရှိနေသည့် သမ္မတဟောင်း Alvaro Uribe Velez အား ဖမ်းဆီးရန် အမိန့်ကြေညာချက်ကို သြဂုတ် ၄...
လစ္စဘွန်း ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) အသက် ၃၉ နှစ် ရွယ် ဂန္တဝင် ဂိုးသမား ကာစီးလက်စ်သည် သြဂုတ် ၄ ရက်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ မှတစ်ဆင့် ၎င်းနောက်ဆုံး ပြောင်းရွှေ့ ကစားခဲ့သည့် ဘောလုံးအသင်း ဖြစ်သော ပေါ်တို...
ဝါရှင်တန် ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ NPR အသံလွှင့်ဌာန နှင့် Ipsos group တို့သည် သြဂုတ် ၄ ရက် က ပူးပေါင်းစစ်တမ်း ကောက်ယူမှု တစ်ရပ် ကို ထုတ်ပြန်ကြေညာ ခဲ့ပြီး ယင်းစစ်တမ်းတွင် အမေရိကန်ပြည်သူ သုံးပုံနှစ်ပုံက...
အစ္စတန်ဘူလ် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) ခရီးသည်တင် လေယာဉ်ဟောင်းတစ်စင်းကို စားသောက်ဆိုင်အဖြစ် အသွင်ပြောင်းထားသည့် တူရကီနိုင်ငံ၏ အကြီးဆုံး လေယာဉ်စားသောက်ဆိုင်ကြီးကို တူရကီငွေကြေး လီရက်စ် ၁၀ သန်း (သို့မဟုတ်) အမေရိကန်ဒေါ်လာ ၁.၄ သန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်ကြောင်း တူရကီ အိမ်ခြံမြေလုပ်ငန်းစုတစ်ခုက ဆင်ဟွာသတင်းဌာနသို့ ဩဂုတ်...
ဘေရွတ် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းတွင် သြဂုတ် ၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ပေါက်ကွဲမှုအတွင်း သေဆုံးသူ ဦးရေသည် လက်ရှိအချိန်တွင် ၇၃ ဦးအထိမြင့်တက်လာပြီး ဒဏ်ရာရသူ အရေအတွက်မှာလည်း ၃,၇၀၀ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။
ဘေရွတ်၊ဩဂုတ် ၅ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၄ ရက်ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရဲဘက်ဆိုင်ရာနှင့်ဆေးဝန်ထမ်းများ၏ ပြောကြားချက်အရ ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပြီး အဆောက်အအုံအမြောက်အမြားပျက်စီးခဲ့ကြောင်း သိရသည်။