အန်ကာရာ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) တူရကီအစိုးရက ဥရောပနိုင်ငံများနှင့်မကျေမလည်အငြင်းပွားမှုများရှိနေသည့်ကြားမှပင်ဖမ်းဆီးမိ ထား သောနိုင်ငံခြားသားအကြမ်းဖက်တိုက်ခိုက်ရေးသမားများကို၎င်းတို့၏သက်ဆိုင်ရာနိုင်ငံများသို့ နိုဝင်ဘာ လဒုတိယပတ်အတွင်း ပြန်လည်ပေးပို့မှုစတင်သွားမည်ဟု နိုဝင်ဘာလ ၈ ရက်ကပြောကြားခဲ့ကြောင်း သိရသည်။
ဟော့စတန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး မြို့ဖြစ်သော ဟော့စတန်မြို့ရှိ လုပ်ငန်းရှင်များက တရုတ် နိုင်ငံနှင့် ၎င်းတို့၏ စီးပွားရေး ဆက်ဆံမှုများကို တိုးချဲ့ရန် စိတ်အားထက်သန်လျက်ရှိကြောင်း ဒေသခံ စီးပွားရေး ခေါင်းဆောင် တစ်ဦးက ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရို ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတ(ဟောင်း) လူးဝစ်အင်နာဆီယိုလုလာဒါ ဆေးလ်ဗား( Luiz Inacio Lula da Silva) သည် နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ဘရာဇီးနိုင်ငံတောင်ပိုင်း Curitiba အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း သိရသည်။
YAOUNDE ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) ကင်မရွန်နိုင်ငံ သမ္မတ ပေါလ်ဘီယာ (Paul Biya) က နိုင်ငံအနောက်ပိုင်း Bafoussam မြို့တွင် လွန်ခဲ့သည့် သီတင်းပတ်က မြေပြိုကျမှုကြောင့် သေဆုံးခဲ့ရသူ ၄၃ ဦးအား ဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာ ၉ ရက်နေ့ကို နိုင်ငံတော်...
ဝါရှင်တန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၂၀၂၀ ပြည့်နှစ် မေလတွင် ရုရှားနိုင်ငံ၌ ကျင်းပမည့် စစ်အောင်ပွဲနေ့(Victory Day) စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် စဉ်းစားနေကြောင်း နှင့် အခမ်းအနားတက်ရောက်နိုင်ရန် ၎င်း၏ အလုပ်အချိန်ဇယား အဆင်ပြေမပြေ မသေချာသေးကြောင်း နိုဝင်ဘာ ၈ ရက်တွင်ပြောကြားလိုက်သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ် (Bulbul) သည် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ ဆက်စပ်လျက်ရှိသော အရှေ့အလယ်ပိုင်းအတွင်း ဖြတ်ကျော်ကာ နိုဝင်ဘာ ၈ ရက်တွင် မြောက်-အနောက်မြောက်ဘက်ဆီသို့ ရွေ့လျားကာ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက (IMD) က...
လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Upland မြို့တွင် နိုဝင်ဘာ ၇ ရက်က နေအိမ်တစ်လုံးပေါ်သို့ လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ပြီးနောက် လေယာဉ်မှူး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။
ဂျေရုဆလမ် ၊နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) အစ္စရေးကျောင်းသားများက မျိုးရိုးဗီဇပြုပြင်ဖန်တီးထားသော ဘက်တီးရီးယားများကို အသုံးပြု၍ ပျားလွတ်-ပျားရည် ထုတ်ယူရန် နည်းပညာသစ်ကို တီထွင်နိုင်ခဲ့ကြောင်း အစ္စရေးနည်းပညာသိပ္ပံက နိုဝင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။
ဟနွိုင်း ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) အင်္ဂလန်နိုင်ငံ Essex မြို့၌ (လော်ရီ)ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးသူ ၃၉ ဉီးစလုံးမှာ ဗီယက်နမ်လူမျိုးများဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက် ညနေပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) ရုရှား နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံတို့သည် စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်ခုကို ၂၀၃၀ ခုနှစ် မတိုင်မီ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရုရှား အစိုးရက နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်သော...