လန်ဒန်၊ အောက်တိုဘာလ ၉ ရက်(ဆင်ဟွာ) ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် က ဥရောပသမဂ္ဂ ၏သဘောတူညီချက်မရရှိဘဲ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂ မှနုတ်ထွက်ရေးကို ရှောင်ရှားနိုင်ရန်အတွက်နောက်ဆုံးကြိုးပမ်းမှုတစ်ရပ်အဖြစ်ယခု ရက်သတ္တပတ်ကုန်ပိုင်းတွင် အိုင်ယာလန်ဝန်ကြီးချုပ် လီယို ဗာရတ်ကာ(Leo Varadkar) နှင့် တွေ့ဆုံဆွေးနွေးမှုပြုသွားမည်ဟု ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာလ ၈ ရက် တွင်ပြောကြားခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံက ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး (RCEP) ဝန်ကြီးအဆင့် အစည်းအဝေးအား အောက်တိုဘာ ၁၂ ရက်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၈ ရက်၌ ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က သက်ဆိုင်ရာ အဖွဲ့ဝင် နိုင်ငံ များမှ ကုလသမဂ္ဂ ဘတ်ဂျက် ထည့်ဝင်ငွေ နှင့် သက်ဆိုင်ရာ ထည့်သွင်းငွေ များ အား ချက်ချင်း အလုံးစုံ...
မော်စကို၊အောက်တိုဘာ၉ရက်(ဆင်ဟွာ) စစ်လက်နက် အမျိုးပေါင်း ၅၀၀ နှင့်အတူ စစ်သည် ၄,၀၀၀ကျော် ၊ စစ်လေယာဉ် ၁၅ စင်း နှင့် စစ်သင်္ဘောများစွာပါဝင်သည့် ရုရှားနိုင်ငံ၏ ဖစိဖိတ်ရေတပ်အုပ်စု အဓိကစစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံအရှေ့ပိုင်း Kamchatka ရေလက်ကြား၌ အဆုံးသတ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၈ရက်တွင် ပြောကြားခဲ့သည်။
ကိုလံဘို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် နောက်လတွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သူများအား ထောက်ခံသည့်အနေဖြင့် လူထုချီတက်ပွဲများ၊ ပိုစတာများ၊ စာတန်းများကို ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၈ ရက်တွင် တားမြစ်လိုက်ကြောင်း သိရသည်။
လန်ဒန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားဆန္ဒထုတ်ဖော်နေမှု ၂ပတ်ကြာဖြစ်ခဲ့ပြီးနောက် အောက်တိုဘာ ၇ ရက် နံနက်အစောပိုင်း၌ လန်ဒန် လယ်အစိတ်အပိုင်းတွင် ဆန္ဒထုတ်ဖော် သူ၂၁ ဦးကို ရဲအရာရှိများက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဆိုးလ်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံလေတပ်ဖွဲ့ လေယာဉ်များပျံသန်းမှုဆိုင်ရာ သတင်းအချက်အလက် ဖလှယ်ရန် စစ်ဘက်ဆိုင်ရာ အရေးပေါ်လိုင်းတစ်ခု တည်ထောင်ရန် တွန်းအားပေးခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲ စစ်ဦးစီးချုပ် (JCS) ၏ ပြောကြားချက်အား ကိုးကား၍ အောက်တိုဘာ ၈ ရက် သတင်းများ၌...
ရာဘတ် ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ မြို့တော်ကာဆာဘလန်ကာရှိ ချစ်ချင်းမေတ္တာဆေးခန်းတစ်ခု၌ တရုတ်ဆေးဘက်ဆိုင်ရာအကူ အညီ ရေးအဖွဲ့က အောက်တိုဘာ ၆ ရက် တွင် အခမဲ့ဆေးကုသမှုပြုလုပ်ပေးခဲ့ပြီး ယင်းမှာ၂၀၁၅ နှစ်မှ စတင် ကာ ဖွင့်လှစ်ခဲ့သော ၅ ခုမြောက် အခမဲ့ဆေးပေးခန်း ဖြစ်ကြောင်းသိရသည်။
ဘဂ္ဂဒတ် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့တော် နှင့် အခြားမြို့ကြီးများတွင် ဖြစ်ပွားလျက်ရှိသော ဆန္ဒပြပွဲများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၁၀၄ ဉီးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၆,၀၀၀ ကျော်အထိ မြင့်တက်သွားပြီဖြစ်ကြောင်း အီရတ်ပြည်ထဲရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တစ်ဉီးက အောက်တိုဘာ ၆ ရက်တွင်ပြောကြားခဲ့သည်။
ဝင်းလ်ဟိုခ်၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အင်ဂိုလာနိုင်ငံ ဘန်ဂွယ်လား(Benguela) ရထားလမ်းစီမံကိန်းတရားဝင်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို အန်ဂိုလာနိုင်ငံ ဆိပ်ကမ်းမြို့ လော်ဗီတို(Lobito)တွင် ကျင်းပခဲ့ရာ အန်ဂိုလာလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၊ Benguela Railway company(CFB-EP)နှင့် တာဝန်ယူတည်ဆောက်ပေးသော China Railway 20 Bureau Group Corporation (CR20)တို့သည် စီမံကိန်း...