တီဟီရန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) အီရန်အနေဖြင့် နိုင်ငံအတွင်း ပျက်ကျသွားသော လူ ၁၇၆ ဦးလိုက်ပါသွားသည့် ယူကရိန်းလေကြောင်းလိုင်းပိုင် လေယာဉ်မှ တွေ့ရှိခဲ့သည့် လေယာဉ်ပျံသန်းမှု အလိုအလျောက်အသံဖမ်းကိရိယာ (Black box) နှစ်ခုကို ဘိုးရင်းကုမ္ပဏီ သို့မဟုတ် အမေရိကန်နိုင်ငံထံ လွှဲပြောင်းပေးမည်မဟုတ်သော်လည်း ယူကရိန်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီရန်...
ဝါရှင်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ဇန်နဝါရီ ၇ ရက်က အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအား ဦးတည်ပစ်လွှတ်ခဲ့သည့် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများအတွင်း အမေရိကန်ဘက်က အထိအခိုက် အသေအပျောက် မရှိကြောင်း နှင့် အမေရိကန်အနေဖြင့် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၈ ရက်တွင်...
တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က အီရတ်နိုင်ငံရှိ အမေရိကန် အခြေစိုက်စခန်းနှစ်ခုကို ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းမှ အမေရိကန် တပ်ဖွဲ့များထွက်သွားရန် ဇန်နဝါရီ ၈ ရက်တွင် တောင်းဆိုလိုက်သည်။
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) အီရန်က အခြေအနေပိုတင်းမာလာအောင် ၊ စစ်မက်ဖြစ်ပွားအောင် လုပ်ဆောင်နေခြင်း မဟုတ်သော်လည်း ကျူးကျော်မှုမှန်သမျှကို ကာကွယ်သွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif)က ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။
တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ယူကရိန်း ခရီးသည်တင် လေယာဉ် ပျက်ကျမှုတွင် လေယာဉ်ပေါ် လိုက်ပါသူ ၁၈၀ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း အီရန် နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ခဲ့သည်။
တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အရှေ့တောင်ပိုင်း ကာမန်မြို့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလီမန်နီ (Qassem Soleimani) ၏ ဈာပနအခမ်းအနား၌ လူအုပ်ပိမှုကြောင့် သေဆုံးသူ ၅၆ ဦးထက်မနည်းရှိလာပြီဖြစ်ကြောင်း အီရန် အရေးပေါ်အခြေအနေစင်တာ အကြီးအကဲက ပြောကြားခဲ့သည်။
တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
ဝါရှင်တန် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်စစ်တပ် နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များအား အီရန်နိုင်ငံက ပဲ့ထိန်းဒုံးကျည် တစ်ဒါဇင်ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်က ဇန်နဝါရီ ၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
တီဟီရန်၊ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) လုပ်ကြံသတ်ဖြတ်ခံရသော အီရန်နိုင်ငံ၏ ထိပ်တန်းစစ်ဘက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဆိုလီမန်နီ (Qassem Soleimani) ၏ အသုဘအခမ်းအနားကို ဇန်နဝါရီ ၆ ရက်တွင်ပြုလုပ်ခဲ့ပြီး အီရန်ပြည်သူထောင်ပေါင်းများစွာ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။
အက်ခ်လန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံတွင် တောမီး အကြီးအကျယ်လောင်ကျွမ်းမှုမှ ထွက်ရှိလာသည့် မီးခိုးလုံးကြီးများကြောင့် ဇန်နဝါရီ ၅ ရက် မွန်းလွဲပိုင်းက နယူးဇီလန်နိုင်ငံ အက်ခ်လန်မြို့၏ ကောင်းကင်ပြင်သည် အံ့ဩထိတ်လန့်ဖွယ် လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားကြောင်း သိရသည်။