ဗျူနိုအေးရိစ် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) အာဂျင်တီးနား ဂန္တဝင် ဘောလုံးသမား မာရာဒိုနာသည် ဗင်နီဇွဲလား နိုင်ငံ အမျိုးသား ဘောလုံး အသင်း နည်းပြ ချုပ် ရာဖေးလ် ဒူဒါမယ်လ် နေရာတွင် အစားထိုးရန် ရေပန်းစားလျက် ရှိကြောင်း သိရသည်။
ကိုလံဘို၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ကမ်းခြေသန့်ရှင်းရန် ရည်ရွယ်၍ ကိုလံဘိုဆိပ်ကမ်းမြို့မှ စတင်ပြုလုပ်သည့် “ကိုလံဘို ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပရေး အစီအစဉ်” ကို ဇန်နဝါရီ ၄ ရက်က ကိုလံဘိုမြို့အနီးရှိ MOUNT LAVINIAကမ်းခြေတွင် စတင်ပြုလုပ်ရာ သီရိလင်္ကာနိုင်ငံ၏သက်ဆိုင်ရာ အစိုးရဌာနများ၊ ရဲတပ်ဖွဲ့နှင့်ကမ်းခြေစောင့်တပ်ဖွဲ့များ၊ ဆိပ်ကမ်းမြို့ နှင့် ဒေသခံ...
ဝါရှင်တန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ပင်ဆူဗေးနီးယားပြည်နယ်အတွင်းရှိ အမြန်လမ်းမတစ်ခု၌ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက အစုလိုက်အပြုံလိုက် ကားတိုက်မှုတစ်ခု ဖြစ်ပွားရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အမြောက်အများထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကပ်၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ကပ်(Kep)ပြည်နယ် ကပ်(Kep)မြို့တွင် ဇန်နဝါရီ ၃ ရက်က အဆောက်အဦတစ်လုံးပြိုကျမှုအတွင်းသေဆုံးသူဦးရေ ၃၆ ဦးအထိ မြင့်တက်လာပြီဖြစ်ပြီး အခြားဒဏ်ရာရသူ ၂၃ ဦးရှိသည်ဟု ယင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆင်ဟွာကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။
ထရီပိုလီ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီရှိ စစ်အကယ်ဒမီကျောင်းတစ်ခု ဇန်နဝါရီ ၄ ရက်က လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား ၂၈ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးဒဏ်ရာရခဲ့သည်ဟု လစ်ဗျား အမျိုးသား ညီညွတ်ရေးအစိုးရ စစ်တပ်က အချင်းပွားသည့်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို လစ်ဗျားအမျိုးသားတပ်မတော်ခေါင်းဆောင်Khalifa...
တီဟီရန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ဇန်နဝါရီ ၃ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒတ်လေဆိပ်အနီး၌ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားသည့် အီရန်နိုင်ငံ၏ ထိပ်တန်းစစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Qasem Soleimani အတွက် အီရန်ပြည်သူများက ဝမ်းနည်းပူဆွေးခဲ့ကြပြီး နိုင်ငံမြို့တော် တီဟီရန်မြို့၌ ဖယောင်တိုင်းမီးများ ထွန်းညှိကာ ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။
ဘေရွတ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) နစ်ဆန်း (Nissan) အကြီးအကဲဟောင်း ကားလို့စ်ဂွန်း (Carlos Ghosn) က ၎င်းအနေဖြင့် ဂျပန်နိုင်ငံမှ လက်ဘနွန်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ရန် စီစဉ်မှုတွင် ကိုယ်တိုင်လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ဂျကာတာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၄၃ ဦးသေဆုံးကာ လူဦးရေ ၄၃,၃၉၀,၀၀၀ ဦး နေရပ်ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ဘဂ္ဂဒတ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံထိပ်တန်းတပ်မှူး ဗိုလ်ချုပ် Qasem Soleimani သည် ယနေ့(ဇန်နဝါရီ ၃ ရက်) နံနက်အစောပိုင်းတွင် အီရတ်နိုင်ငံ ဘဂ္ဂဒတ်လေဆိပ်၌ အမေရိကန်၏ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားကြောင်း အီရတ်နိုင်ငံပိုင် ရုပ်သံက သတင်းဖော်ပြခဲ့သည်။
ဂျကာတာ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် အကြီးအကျယ် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ကြောင်း သဘာဝဘေးလျှော့ချရေးအေဂျင်စီက ဇန်နဝါရီ ၁ ရက်၌ ပြောကြားခဲ့သည်။