အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတွင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အရ တည်ဆောက်ထားသော ပထမဆုံး မြို့ပြရထားလုပ်ငန်းက နိုင်ငံ၏ စီးပွားရေးနှင့် သယ်ယူပို့ဆောင်ရေးစနစ်ကို ပြန်လည်အသက်ဝင်လာစေမည် ဖြစ်ကြောင်း ပါကစ္စတန် ကျွမ်းကျင်သူများက ဆိုသည်။
ကာရာကာ့စ်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ မြောက်ပိုင်းပြည်နယ် Miranda တွင် ဒီဇင်ဘာလ ၁၉ရက် ည၌ ဖြစ်ပွားခဲ့သည့် ပုဂ္ဂလိကလေယာဉ်တစ်စီးပျက်ကျမှု တွင် လူ ၉ဦးသေဆုံးခဲ့ကြောင်း ရှေ့နေချုပ် Tarek William Saab က ဒီဇင်ဘာ ၂၀ ရက်တွင် အတည်ပြုခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယပါလီမန်က အတည်ပြုပြဌာန်းခဲ့သော အငြင်းပွားလျက်ရှိသည့် နိုင်ငံသားပြုမှုဥပဒေသစ်ကို အိ န္ဒိယနိုင်ငံတစ်ဝန်းတွင်အကြမ်းဖက်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိရာဒီဇင်ဘာလ ၂၀ ရက်က နိုင်ငံမြောက်ပိုင်း အတ်တာပရာဒက်ရှ် ပြည်နယ်တွင် အနည်းဆုံးခြောက်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်းသိရသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) အိန္ဒိယပါလီမန်က အတည်ပြုပြဌာန်းခဲ့သော အငြင်းပွားလျက်ရှိသည့် နိုင်ငံသားပြုမှုဥပဒေသစ်ကို အိ န္ဒိယနိုင်ငံတစ်ဝန်းတွင်ဆန့်ကျင်ဆန္ဒပြမှုများ ဒီဇင်ဘာလ ၁၉ ရက်ကလည်း ပြုလုပ်လျက်ရှိရာ နိုင်ငံ၏ ပြည်နယ်အများအပြားတွင်မတည်မငြိမ်ဖြစ်လျက်ရှိကြောင်းတာဝန်ရှိသူများကပြောကြားခဲ့ကြသည်။
မနီလာ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံထုတ် ရထားများ တင်သွင်းရန် သဘောတူစာချုပ်ကို ဒီဇင်ဘာ ၁၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဘီဂရိတ် ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ကုမ္ပဏီ တစ်ခု က တာဝန်ယူတည်ဆောက်ပေးသည့် ဆားဘီးယား နိုင်ငံ E763 Surčin-Obrenovac လမ်းပိုင်း အမြန်ကားလမ်း ဖွင့်ပွဲ အခမ်းအနား အား ဒီဇင်ဘာ ၁၈ ရက် တွင် ဆားဘီးယား...
ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ဒီမိုကရက်တစ်ပါတီဦးဆောင်သော အမေရိကန်အောက်လွှတ်တော်တွင် သမ္မတထရမ့်အား အာဏာအလွဲသုံးစားမှု နှင့် ကွန်ဂရက်အား ဟန့်တားမှု တို့ဖြင့်စွပ်စွဲပြစ်တင်ရန် ဒီဇင်ဘာ ၁၈ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ကာလရှည်ကြာဖြစ်ပွားနေသည့် လူနှင့်ဆင်များအကြား ပဋိပက္ခကြောင့် ယခုနှစ် ဒီဇင်ဘာလလယ်အထိ ဆင်ကောင်ရေ ၃၀၀ နှင့် လူဦးရေ ၁၀၀ သေဆုံးခဲ့ကြောင်း သီရိလင်္ကာ တောရိုင်းတိရစာ္ဆန်ဆိုင်ရာဌာနက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
မော်စကို ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရုရှား မဟာဗျူဟာမြောက် ဒုံးကျည် တပ်ဖွဲ့၏ ၆၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအား ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့ရာ ယင်းတပ်ဖွဲ့များတွင် ခေတ်မီ လက်နက်များ တပ်ဆင်ထားမှုမှာ ၇၆ ရာခိုင်နှုန်း ရှိခဲ့ပြီ ဖြစ်ကြောင်း ရုရှား...
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ပါကစ္စတန် သတင်းမီဒီယာများက အခြား ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်သည့်နိုင်ငံများ၏ မီဒီယာများနှင့်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအပါအဝင် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတည်ဆောက်မှုကို အပြည့်အဝပံ့ပိုးဆောင်ရွက်ပေးစေလိုကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် သတင်းနှင့်ထုတ်လွှင့်မှုဆိုင်ရာ အထူးအကြံပေးပုဂိ္ဂုလ်Firdous Ashiq Awanက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။