မော်စကို၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ တောင်ပိုင်း Kransnodar ဒေသတွင် ဒီဇင်ဘာ ၁၁ ရက်ညက Mi-28 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ရုရှား စစ်ဦးစီးချုပ်ရုံး စုံစမ်းစစ်ဆေးရေးကော်မတီက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားလိုက်သည်။
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဓာတုကုမ္ပဏီကြီးဖြစ်သော DuPont က ထိရောက်ပြီး ကုန်ကျစရိတ်နည်းပါးသော ဆားငန်ရေကို ရေချိုအဖြစ်ပြောင်းလဲထုတ်လုပ်နည်းစနစ်ကို တီထွင်သည့် အစ္စရေးကုမ္ပဏီ Desalitech ကို ဝယ်ယူလိုက်ကြောင်း နှစ်ဘက်ကုမ္ပဏီက ဒီဇင်ဘာ ၁၁ ရက်က ကြေညာလိုက်သည်။
ဆန်တီရာဂို၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဒီဇင်ဘာ ၉ ရက်က ပျောက်ဆုံးသွားသည့် ချီလီလေတပ်လေယာဉ် C-130 ဟုယူဆသည့် လေယာဉ်အပိုင်းအစများကို ရှာဖွေကယ်ဆယ်ရေးသမားများက ပင်လယ်ပြင်တွင် တွေ့ရှိရသည်ဟု ချီလီနိုင်ငံ လေတပ်နှင့် ဘရာဇီးနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၁ ရက်တွင် ကြေညာချက်အသီးသီးထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဆိုးလ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) နစ်မြုပ်သွားသော တောင်ကိုရီးယားသင်္ဘောအနီးတွင် တွေ့ရသည့် ရုပ်အလောင်းနှစ်လောင်းမှာ ဗီယက်နမ်နိုင်ငံသား သင်္ဘောသားများ ဖြစ်ကြောင်း Yonhap သတင်းအေဂျင်စီက တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ သတင်းရင်းမြစ်အား ကိုးကား၍ ဒီဇင်ဘာ ၁၁ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။
မော်စကို ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ပထမ အကြိမ် ရုရှား-လာအို ပူးတွဲ စစ်ရေး လေ့ကျင့်မှု လာအို ၂၀၁၉ အား လာအိုနိုင်ငံ ဘန်ပင်း လေ့ကျင့်ရေး ကွင်း၌ ဒီဇင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ကိုင်ရို၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံတွင် တရုတ်နိုင်ငံ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၉ ခုနှစ် ပထမကိုးလတာကာလအတွင်း ၆၆ ရာခိုင်နှုန်း တိုးမြင့်လာကာ အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၉ သန်း ရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အရှေ့ဘက်ရှိ တည်ဆောက်ဆဲ အုပ်ချုပ်ရေးမြို့တော်သစ်၌ ဒီဇင်ဘာ ၁၀...
လာဟိုး၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ လာဟိုး မီးရထားလမ်း လိမ္မော်ရောင်လိုင်း စီမံကိန်း (OLMT)တည်ဆောက်ပြီးစီးခြင်းနှင့် စမ်းသပ်အသုံးပြုမောင်းနှင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။၎င်းမှာ ပါကစ္စတန်၏ ပထမဆုံး လူအများအပြား ခရီးသွားနိုင်သော မြို့ပြရထားလမ်း စီမံကိန်း အောင်မြင်စွာတည်ဆောက်ပြီးစီးခြင်း ဖြစ်ကြောင်း သိရသည်။
ဗျူရိုအေးရိစ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) Everyone’s Front မဟာမိတ်ညွန့်ပေါင်းအဖွဲ့မှ အယ်လ်ဘတ်တို ဖာနန်ဒီဇ် (Alberto Fernandez) သည် ဒီဇင်ဘာ ၁၀ ရက်တွင် အမျိုးသားကွန်ဂရက်၌ အာဂျင်တီးနားနိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း နယူးဂျာစီပြည်နယ် ဂျာစီမြို့၌ ဒီဇင်ဘာ ၁၀ ရက်တွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ ရဲအရာရှိတစ်ဦး ၊ အရပ်သား ၃ ဦး နှင့် သံသယတရားခံ ၂ ဦးအပါအဝင် လူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဟောင်ကောင်၊ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ကောလိပ်ကျောင်းတစ်ခု၏ဝင်းအတွင်း အ ပြည့်အဝ အသက်ဝင်လည်ပတ်နေပြီးပေါက်ကွဲခဲ့ပါက ထိခိုက်သေဆုံးဒဏ်ရာရမှု အများအပြားဖြစ်ပွား နိုင်သည့် လက်လုပ်အဝေးထိန်းဗုံးနှစ်လုံးအား ဟောင်ကောင်ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၉ ရက်၊ညပိုင်း၌ အောင်မြင်စွာစနက်တံဖြုတ်၍ သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။