ဘေရွတ် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) လက်ဘနွန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က သြဂုတ်လ ၂၈ ရက် ၌ နိုင်ငံ လေပိုင်နက် အတွင်း ဝင်ရောက် လာသည့် အစ္စရေး နိုင်ငံ မောင်းသူမဲ့ လေယာဉ် ၃ စင်း အား...
လန်ဒန်၊ သြဂုတ်လ ၂၉ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် က ၎င်းအနေဖြင့် အောက်လွှှတ်တော်ကို ဆိုင်းငံ့ထားရန် ရှိ ကြောင်း ကြေညာချက်အား ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် ဗြိတိန်နိုင်ငံတစ်ဝန်း မြို့ကြီးများရှိ ရင်ပြင် များတွင် ထောင်ပေါင်းများစွာသောပြည်သူတို့က သြဂုတ်လ ၂၈ ရက်ညကစုဝေးခဲ့ကြကြောင်း သိရပါ သည်။
မက္ကဆီကိုစီးတီး၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အရှေ့ပိုင်းရှိ ညကလပ်တစ်ခုတွင် သြဂုတ်လ ၂၇ ရက်ညက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၃ ဦးသေဆုံးခဲ့ပြီး အခြားလူ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောခဲ့သည်။
ထရီပိုလီ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား တင်ဆောင်လာသော သင်္ဘောတစ်စီးသည် သြဂုတ် ၂၇ ရက်က လစ်ဗျားနိုင်ငံ အနောက်ပိုင်း ပင်လယ်ပြင်တွင် နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ လက်ရှိတွင် သေဆုံးသူ ၅ ဦးရှိပြီး လူ ၄၀ ခန့် ပျောက်ဆုံးနေကြောင်း လစ်ဗျားအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး...
တီဟီရန်၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) အီရန်-အမေရိကန် ပြန်လည်တွေ့ဆုံဆွေးနွေးရန်မှာ နျူကလီးယား သဘောတူညီချက်တွင် အမေရိကန် ပြန်လည်ပါဝင်ရမည်ဖြစ်ပြီး ဆွေးနွေးမှုများကို သဘောတူညီချက်မူဘောင်အတွင်းတွင်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အီရန်သမ္မတ ရိုဟာနီက သြဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
မနီလာ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၊ ဇမ်ဘိုအန်ဂါ ဒဲလ် နော်တီပြည်နယ်၊ ဒါပီတန်မြို့ ကမ်းရိုးတန်းတွင် သြဂုတ်လ ၂၈ ရက် အစောပိုင်းက သင်္ဘောတစ်စင်း မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ပြောခဲ့သည်။
ရီယိုဒီဂျနေးရိုး၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အမေဇုံမုတ်သုံသစ်တော မီးလောင်မှုကို ငြှိမ်းသတ်ရန် G7 အဖွဲ့ဝင်နိုင်ငံများထံမှ အကူအညီအား ဘရာဇီးနိုင်ငံက သြဂုတ်လ ၂၆ ရက်က ငြင်းပယ်လိုက်ကြောင်း သိရသည်။
ဂါဇာ ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ) ဂါဇာမြို့၏ အနောက်တောင်ပိုင်းတွင် သြဂုတ် ၂၇ ရက် ညပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း လူမျိုး နှစ်ဦး သေဆုံးခဲ့ကြောင်း ဆရာဝန်များ နှင့် လုံခြုံရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အန်ကာရာ ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသည် သြဂုတ် ၂၇ ရက်က ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အစိတ်အပိုင်းများ ဒုတိယအသုတ်ကို လက်ခံရရှိခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဘရာဇီးလီယာ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) သည် အမေဇုံမုတ်သုံသစ်တောနှင့် သဘာဝအရင်းအမြစ်များအတွင်း “ကျွန်ုပ်တို့၏ အချုပ်အခြာအား အာမခံရန်” ပူးတွဲအစီအစဉ်တစ်ခုအကြောင်း ကိုလံဘီယာနိုင်ငံ သမ္မတနှင့် ပြောဆိုခဲ့ကြသည်။