လန်ဒန်၊ဧပြီ ၆ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က COVID-19 ပိတ်ဆို့မှု lockdown ဆိုင်ရာ လမ်းပြမြေပုံ၏ ဒုတိယခြေလှမ်း ဖော်ဆောင်သည့်အနေဖြင့် နိုင်ငံအတွင်းက မရှိမဖြစ် လိုအပ်ချက်မဟုတ်သော ဈေးဆိုင်များကို ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း နှင့် စားသောက်ဆိုင်များ နှင့် ပျော်ပွဲစားရုံများကို အခန်းပြင်ပ စားသောက်ခြင်းအဖြစ် ပြန်လည်ဖွင့်ပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၅ ရက်တွင်...
မော်စကို၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့အကြီးအကဲအနေဖြင့် ၂၀၂၄ ခုနှစ်မှစတင်၌ နောက်ထပ်သက်တမ်းနှစ်ကြိမ် ထပ်မံတာဝန်ထမ်းဆောင်နိုင်ခွင့်ရရှိရန် ဥပဒေမူကြမ်းကို ဥပဒေအဖြစ်သို့ ဧပြီ ၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ ဧပြီ ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် ဆာရိုဂျာ (Seroja) အပူပိုင်းဆိုင်ကလုန်း တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၆၈ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၇၀ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးလျော့ပါးရေးအေဂျင်စီက ဧပြီ ၅ ရက် မွန်းလွဲပိုင်း၌ ပြုလုပ်သည့်...
ပြုံယန်း ၊ ဧပြီ ၆ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် COVID-19 ရောဂါစိုးရိမ်ပူပန်မှုကြောင့် လာမည့် ဇူလိုင်လတွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် တိုကျိုနွေရာသီအိုလံပစ်အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း မြောက်ကိုရီးယားနိုင်ငံ အားကစားဝက်ဆိုက် တစ်ခု၏ ယနေ့ ဧပြီ ၆ ရက် ဖော်ပြချက်အရ သိရသည်။
ဘန်ကောက် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဧပြီ ၅ ရက်တွင် COVID-19 လူနာသစ် ၁၉၄ ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်း နှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုသည် မြင့်တက်လာခဲ့ကြောင်း ၊ အဓိကအားဖြင့် ဘန်ကောက်မြို့ရှိ ဘားဆိုင်များ နှင့် နိုင်ငံတောင်ပိုင်း Narathiwat ပြည်နယ်ရှိ...
ဒါကာ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်အနီးရှိ Shitalakkhya မြစ်အတွင်း ဧပြီ ၄ ရက်က ခရီးသည်တင် ကူးတို့လှေတစ်စင်း တိမ်းမှောက်မှုတွင် နောက်ထပ် ရုပ်အလောင်း ၂၁ လောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် ယနေ့ ဧပြီ ၅ ရက် မွန်းလွဲပိုင်းအထိ သေဆုံးသူ...
ဟနွိုင်း၊ဧပြီ ၅ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံအမျိုးသားညီလာခံ(NA)က ဝန်ကြီးချုပ် ငုယင်စွမ်းဖု(Nguyen Xuan Phuc) အား နိုင်ငံ၏သမ္မတသစ်အဖြစ် ယနေ့ ဧပြီ ၅ ရက်တွင် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။
ဂျကာတာ၊ဧပြီ ၅ ရက်(ဆင်ဟွာ)
ဂျကာတာ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း အရှေ့ Nusa Tenggara ပြည်နယ်တွင် ယနေ့နံနက်အစောပိုင်းတွင် ရုတ်တရက်ရေကြီးမှုများ နှင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၂၀ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရသွားကြောင်း နှင့် အခြား ၅ ဦးပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဆိုသည်။
နယူးဒေလီ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအလယ်ပိုင်း Chhattisgarh ပြည်နယ်၌ “Naxals” ဟု အမည်ရသည့် လက်နက်ကိုင်သူပုန်များ နှင့်ရင်ဆိုင် တိုက်ခိုက်မှုတစ်ခုအတွင်း အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး အခြားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ ဧပြီ ၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။