ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ် မြို့တော် ဂျလာလာဘတ်၌ သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် အသေခံဗုံးခွဲမှုတစ်ခုဟု ယူဆရသည့် ပြင်းထန်သော ပေါက်ကွဲမှု တစ်ရပ် စက်တင်ဘာလ ၁၈ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)
မနီလာ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက အင်အား ၅.၄ ရှိသော ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာရှင်အဖွဲ့ (Phivolcs) က ပြောကြားခဲ့သည်။
နယူးဒေလီ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ နေရာများစွာ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း မိုးကြိုးထိမှန်သဖြင့် ကလေးငယ်အချို့အပါအဝင် လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း မီဒီယာသတင်းများ၌ စက်တင်ဘာလ ၁၈ ရက်တွင် ဖော်ပြထားသည်။
တီဟီရန် ၊ စက်တင်ဘာ ၁၈ ရက် ၊ အီရန်အာဏာပိုင်များက စက်တင်ဘာ ၁၇ ရက် ၌ သံသယဖြစ်ဖွယ် သြစတြေးလျလူမျိုး သူလျှို ၃ ဦး အား ဖမ်း ဆီးခဲ့ကြောင်း ၊ အီရန်တရားစီရင်ရေးရုံး က အတည်ပြုခဲ့သည်။
အဘူဂျာ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း Nassarawa ပြည်နယ်တွင် စက်တင်ဘာ ၁၅ ရက်က ဆိုးဝါးသည့် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ဂျီးရီးယား နိုင်ငံ ကုန်းလမ်းစီမံခန့်ခွဲမှုဌာနက စက်တင်ဘာ ၁၇ ရက်တွင်...
နယူးယောက်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ ဝက်စ်ချက်စ်တာနယ်မြေ၊ နယူးရော့ရှဲလ်မြို့ရှိ ထရမ့်ပလာဇာ၏ ဧည့်ခန်းအား ကားတစ်စီး ဝင်တိုက်မိခဲ့ကြောင်း၊ လူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက စက်တင်ဘာလ ၁၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရုရှား မဟာဗျူဟာမြောက် Tu-160 ဗုံးကြဲလေယာဉ် နှစ်စင်းသည် ဘောလ်တစ် ပင်လယ် အပေါ်တွင် စက်တင်ဘာ ၁၇ ရက်တွင် ခုနှစ်နာရီအကြာ ပျံသန်းမှု တစ်ခုအား ပြုလုပ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့သည်။
စိန့်ပီတာစဘာ့ဂ်၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) နှင့်အတူ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက စိန့်ပီတာစဘာ့ဂ်မြို့တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အများပြည်သူ စည်ကားရာနေရာတစ်ခု နှင့် ပါဝမ်ပြည်နယ်( Parwan) ၌ ပြုလုပ်သော ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတစ်ခုတွင် ဖြစ်ပွားခဲ့သော အရပ်သားပြည်သူအများအပြားသေဆုံးခဲ့ရသည့် အသေခံဗုံးခွဲတိုက်ခိုက်မှုများအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စက်တင်ဘာ ၁၇ ရက်တွင် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်သည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) (၇၄) ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အား စက်တင်ဘာ ၁၇ ရက် တွင် နယူးယောက် မြို့ ရှိ ကုလသမဂ္ဂ ရုံးချုပ် ၌ စတင် ကျင်းပ ပြုလုပ်ခဲ့ပြီး...