ကဘူးလ်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ် အီရန်နှင့်ထိစပ်နေသည့် အစ္စလာမ်မာဗတ်နယ်စပ်ဂိတ်တွင် ဖေဖော်ဝါရီ ၁၃ ရက်က လောင်စာဆီတင်ကား ဒါဇင်နှင့်ချီ၍ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း Tolo သတင်းရုပ်သံ၏ ဖေဖော်ဝါရီ ၁၄ ရက် သတင်းများအရ သိရသည်။
တီဟီရန်၊ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ စစ်တပ်က အကွာအဝေး ကီလိုမီတာ ၃၀၀ အထိ ရောက်ရှိနိုင်သည့် စမတ်ဒုံးကျည်သစ် တစ်မျိုးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ် မြေပြင်တပ်ဖွဲ့မှူးကြီး Kiomars Heidari က ဆိုသည်။ မြေပြင်တပ်ဖွဲ့ ဒုံးကျည်ဌာနစိပ်များမှ အလွန်တိကျပြီး...
ကဘူးလ်၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkhပြည်နယ် Dawlatabad ဒေသရှိ ဘာသာရေအဆောက်အဦတစ်ခု၌ ဖေဖော်ဝါရီ ၁၃ ရက်တွင် တာလီဘန်လက်နက်ကိုင်အဖွဲ့ က ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လက်နက်ကိုင်အဖွဲ့ဝင် (၃၀ဦး) သေဆုံးခဲ့ကြောင်း ယင်းပြည်နယ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ Rezaiက အချင်းဖြစ်ပွားသည့်နေ့တွင် ကြေညာချက်...
ဟနွိုင်း၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)ဗီယက်နမ်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၃ ရက်က ပြည်ပကူးစက်မှု ၄ ဦး နှင့် ပြည်တွင်း ကူးစက်မှု ၄၉ ဦး အပါအဝင် COVID-19 ရောဂါအတည်ပြုလူနာသစ် ၅၃ ဦးစစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
တိုကျို၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) ဖေဖော်ဝါရီ ၁၃ ရက်ညပိုင်းက ဂျပန်နိုင်ငံ ဖူကူရှီးမားအရှေ့ပိုင်းပင်လယ်ပြင်၌ မြေအောက်အနက် (၅၅)ကီလိုမီတာ ကို ဗဟိုပြု၍ ပြင်းအား ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ငလျင်လှုပ်ခတ်ပြီးနောက် ဂျပန်မိုးဇလဌာနက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းတော့မရှိပေ။
လန်ဒန်၊ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဗြိတိန်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုဖြစ်ပွားနေစဉ် နိုင်ငံရပ်ခြားသို့ သွားရောက်လိုသူများအတွက် ကာကွယ်ဆေးပတ်စ်ပို့ “vaccine passports” ဟု ခေါ်ဆိုသည့် နိုင်ငံကူးလက်မှတ်တစ်မျိုး ထုတ်ပေးရန် အစီအစဉ်ကို လုပ်ဆောင်တော့မည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့သည်။
မနီလာ၊ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗို့ပြည်နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် ကနဦးတိုင်းတာစစ်ဆေးမှုအရ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံငလျင် နှင့် မီးတောင်ဆိုင်ရာဌာန(Phivolcs) ၏ ထုတ်ပြန်ချက် အရ သိရသည်။
ကုလသမဂ္ဂ၊ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွါးနေသော အခြေအနေအပေါ် ” အလွန်နီးကပ်စွာနှင့် စိုးရိမ်ပူပန်မှုဖြင့်” စောင့်ကြည့်လျက်ရှိကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဗီယင်ကျန်း ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)
တိုကျို၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဂျပန်နိုင်ငံဝန်ကြီးချုပ်ယိုရှီဟိုင်ဒီဆုဂါ(Yoshihide Suga)က COVID-19 ကပ်ရောဂါထိန်းချုပ်ရန်အတွက် မတ်လ ၇ ရက်နေ့အထိ နိုင်ငံတော်အရေးပေါ်အခြေအနေကို နောက်ထပ်တစ်လသက်တမ်းတိုးရန် ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။