ပြုံယမ်း၊ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန်အား အာဏာရ မြောက်ကိုရီးယား အလုပ်သမားပါတီ၏ ၈ ကြိမ်မြောက်ပါတီညီလာခံတွင် ပါတီ၏အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း KCNA သတင်းဌာနက ယနေ့ ဇန်နဝါရီ ၁၁ ရက် သတင်းဖော်ပြခဲ့သည်။
လန်ဒန်၊ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဗြိတိန်နိုင်ငံဘုရင်မကြီး အယ်လီစဘတ်-၂ နှင့် ကြင်ယာတော် အီဒင်ဘတ်မြို့စား မင်းသားကြီးဖီးလစ်တို့သည် COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ပြီးဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော်က ထုတ်ဖော်ပြောကြားခဲ့သည်။
ဂျကာတာ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ခရီးသည် (၆၂) ဦးလိုက်ပါသွားသည့် အင်ဒိုနီးရှားလေကြောင်းလိုင်း ဘိုးရင်း ၇၃၇-၅၀၀ သည် စနေနေ့ မွန်းလွဲပိုင်းက လေကြောင်းထိန်းချုပ်ရေးနှင့်အဆက်အသွယ်ပြတ်တောက်၍ ပျက်ကျသွားခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး Budi Karya Sumadiက အတည်ပြုပြောကြားခဲ့သည်။
ဂျကာတာ၊ဇန်နဝါရီ၁၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အင်ဒိုနီးရှားနိုင်ငံအနောက်ဂျာဗားပြည်နယ်၌ ဇန်နဝါရီ ၉ ရက် ညပိုင်းတွင် မြေပြိုမှုတစ်ခုဖြစ်ပွားရာ လူပေါင်း ၁၁ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း နှင့် အခြား လူ ၁၄ ဦးမှာလည်း ရွှံ့ညွန်များအောက်တွင် ပိတ်မိနေသည်ဟု ယုံကြည်ယူဆရကြောင်း ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ အကြီးအကဲကဆိုသည်။ အဆိုပါ မြေပြိုမှုသည်...
ဂျကာတာ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အင်ဒိုနီးရှားနိုင်ငံတွင် လူပေါင်း ၆၀ ကျော်ကို တင်ဆောင်သွားသော Sriwijaya Air လေကြောင်းလိုင်းမှ ဘိုးရင်း ၇၃၇-၅၀၀ ခရီးသည်တင်လေယာဉ်သည် ဂျကာတာမြို့ ပြင်ပ ပင်လယ်ပြင်အတွင်းသို့ ဇန်နဝါရီ ၉ ရက်တွင်...
ဝါရှင်တန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် မကြာမီ ရာထူးမှထွက်ခွာတော့မည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်၏ ရာထူးအပ်နှင်းပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း ဇန်နဝါရီ ၈ ရက်က ပြောကြားလိုက်သည်။
ဆန်ဖရန်စစ္စကို၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်ကို ၎င်းတို့၏ ဝန်ဆောင်မှုမှ အပြီးရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တွစ်တာက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားလိုက်သည်။
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် မလေးရှားနိုင်ငံရှိ ပြည်နယ်များစွာ၌ ပိုမိုဆိုးရွားလာသော ရေကြီးရေလျှံမှုများကြောင့် လူဦးရေ ၄၆,၀၀၀ ခန့် နေရပ်ရွှေ့ပြောင်းခဲ့ရပြီး ရေဘေးရှောင်စခန်း ၄၂၆ ခုတွင် မိသားစု ၁၂,၄၈၇ စု ခိုလှုံနေထိုင်လျက်ရှိကြောင်း မလေးရှား လူမှုဝန်ထမ်းဦးစီးဌာနက ဇန်နဝါရီ...
တူနီးရှား ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ဆင်ဟွာသတင်းဌာန၏ အရှေ့အလယ်ပိုင်းဒေသရှိ သတင်းထောက်များ၏ သတင်းစုစည်းချက် — အရှေ့အလယ်ပိုင်းဒေသတွင် COVID-19 ရောဂါ ကူးစက်မှုက ဆက်လက်၍ ပြန့်ပွားလာသဖြင့် နိုင်ငံအများအပြားက ဘက်စုံပိတ်ဆို့မှုဆောင်ရွက်သည့် ပုံစံကို ပြန်လည်ဆောင်ရွက်လာပြီး အချို့နိုင်ငံများက ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်လာခဲ့ကြကြောင်း သိရှိရသည်။
လေးဂို့စ်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် နိုင်ဂျီးရီးယားနိုင်ငံ၏ စီးပွားရေးအချက်အချာကျသော လေးဂို့စ်မြို့ရှိ Oshodi-Apapa အဝေးပြေးလမ်းမပေါ်တွင် ရေနံထွက်ပစ္စည်းများ သယ်ဆောင်လာသော လောင်စာဆီတင်ကားတစ်စီးသည် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက တိမ်းမှောက်သွားခဲ့ပြီး မီးလောင်ပေါက်ကွဲသွားခဲ့ကြောင်းသိရသည်။