နယူးယောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံက ဆွေးနွေးမှုကို နှောင့်နှေးစေရန် ရည်ရွယ်လုပ်ဆောင်နေပြီး ရုရှား-ယူကရိန်းအနေဖြင့် အဓိကနိုင်ငံရေးကိစ္စရပ်များတွင် တိုးတက်မှုမရှိဘဲ ရပ်တန့်နေကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ သမ္မတ လက်ထောက် Vladimir Medinsky က မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့သည် အမေရိကန်မှ ဥရောပသို့ သဘာဝဓာတ်ငွေ့ရည် တင်ပို့မှု တိုးချဲ့လုပ်ဆောင်ခြင်းနှင့် သန့်စင်စွမ်းအင်သို့ အရှိန်မြှင့်တင် ပြောင်းလဲပြီး ဥရောပသမဂ္ဂ စွမ်းအင်လုံခြုံရေးကို ကာကွယ်သည့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ရပ်ကို မတ် ၂၅ ရက်တွင်ကြေညာခဲ့သည်။
ကိဗ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်သည် အလွန်ခက်ခဲသည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ပြောကြားခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန က မတ် ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
မော်စကို၊ မတ် ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် “ချစ်ကြည်ရင်းနှီးမှုမရှိသော နိုင်ငံနှင့် ဒေသများထံသို့ လွှဲပြောင်းနိုင်သည့် ငွေကြေးစီးဆင်းမှုအပေါ် ကန့်သတ်မှုများ ပြဋ္ဌာန်းလိုက်ကြောင်း ဗဟိုဘဏ်က မတ်၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မော်စကို၊ မတ် ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး အဓိကတာဝန်မှာ ယေဘူယျအားဖြင့် ပြီးစီးသွားပြီဖြစ်ကြောင်း ရုရှား စစ်တပ်က မတ် ၂၅ ရက်၌ ပြောကြားခဲ့သည်။
ပြုံယမ်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) မြောက်ကိုးရီးယားနိုင်ငံက မြောက်ကိုးရီးယားအလုပ်သမားပါတီ(WPK) အတွင်းရေးမှူးချုပ် ကင်ဂျုံအန်း ကိုယ်တိုင်လမ်းညွှန်မှုအောက်တွင် Hwasong-17 တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို မတ် ၂၄ ရက်က အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း Korean Central News Agency (KCNA) က မတ် ၂၅ ရက်၌...
ဘာလင်၊ မတ် ၂၅ ရက် (ဆင်ဟွာ) သဘာဝဓာတ်ငွေ့ ရောင်းဝယ်ရာတွင် ရူဘယ်ငွေဖြင့် ပေးချေရေး ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်၏ ကြေညာချက်ကို ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz က မတ် ၂၃ ရက်က ပယ်ချလိုက်ကြောင်း သိရသည်။
မော်စကို၊ မတ် ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံတွင် ဇီဝလက်နက် အစိတ်အပိုင်းများ ဖော်ထုတ်မှု၌ တိုက်ရိုက်ပါဝင်ပတ်သက်မှုရှိကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၂၄ ရက်က ပြောကြားခဲ့သည်။
မော်စကို၊ မတ် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံရှိ ကုလသမဂ္ဂ (UN)ဌာနချုပ်၌တာဝန်ထမ်းဆောင်နေသော ရုရှားနိုင်ငံ သံတမန်များအား အမေရိကန်က မကြာသေးမီတွင် နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားရှိ အမေရိကန် သံတမန်များအား နှင်ထုတ်ကြောင်း ရုရှားနိုင်ငံက မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ကဘူးလ်၊ မတ် ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အိမ်စောင့်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပညာသင်နှစ်အသစ်ကို မတ်၂၃ ရက်က စတင်ခဲ့ပြီး အာဖဂန် ကလေးငယ် သန်းပေါင်းများစွာသည် စာသင်ကျောင်းများသို့ သွားရောက်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။