နယူးယောက်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံ၊ Ndoi ကျွန်း၏ အရှေ့မြောက်ဘက် ၄၁ ကီလိုမီတာ အကွာတွင် စက်တင်ဘာ ၁ရက် ၊ ဂရင်းနစ်စံတော်ချိန် ၁၅း၅၄း၂၀နာရီ တွင် အင်အား ၆.၅ အဆင့်ရှိသည့် ငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနက ပြောသည်။
လန်ဒန်၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ဗြိတိန်လွှတ်တော် ဆိုင်းငံ့မှုထားရန် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်၏ လုပ်ဆောင်ချက်အပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ဗြိတိန်နိုင်ငံ နေရာအနှံ့အပြားတွင် သြဂုတ် ၃၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် Kunduz မြို့တွင် သြဂုတ် ၃၁ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၉ ဦးနှင့် သတင်းထောက် ၁ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယင်းနေ့တွင်ပြောကြားခဲ့သည်။
မက္ကဆီကို စီးတီး ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) မက္ကဆီကို နိုင်ငံ အရှေ့ပိုင်းရှိ ဘားတစ်ခုတွင် သြဂုတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့သော မီးရှို့တိုက်ခိုက်မှု အတွင်း သေဆုံးသူ အရေအတွက်မှာ ၃၀ ဦး အထိ ရှိလာခဲ့ကြောင်း ဒေသ အာဏာပိုင်များက သြဂုတ် ၃၁...
ပါရီ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ဗီလာဘန်း(Villeurbanne) မြို့တွင် သြဂုတ် ၃၁ ရက် ညနေပိုင်းက ဓားကိုင်အကြမ်းဖက်မှုတစ်ခုဖြစ်ပွားရာ လူ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်သစ်မီဒီယာများ၏ ယင်းနေ့တွင်ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ဒမတ်စကတ်စ် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Idlib ပြည်နယ်၌ သူပုန်တပ်မှူးများ အစည်းအဝေးပြုလုပ်သည့် နေရာအား ပစ်မှတ်ထား၍ သြဂုတ် ၃၁ ရက်တွင် အမေရိကန်ဦးဆောင်သောတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့စဉ်အတွင်း အဓိကသူပုန်တပ်မှူးများအပါအဝင် သူပုန်တပ်ဖွဲ့ဝင် ၅ဝ ဦးခန့်သေဆုံးသွားကြောင်း စစ်ဘက်ဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုက ဆိုသည်။
နီကိုးရှား၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အသက် ၉၆ နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံးရေငုပ်သမားအဖိုးအို Ray Woolley သည် သြဂုတ် ၃၁ ရက်တွင် ကမ္ဘာ့အကောင်းဆုံး ရေငုပ်နေရာတစ်ခု အဖြစ်လူသိများသည့် Larnaca ကမ်းခြေရှိ Zenobia သင်္ဘောပျက်တည်ရှိရာ ပင်လယ်ရေအောက်သို့ရေငုပ်၍ ယခင်က ၎င်းကိုယ်တိုင်တင်ထားသော စံချိန်ဟောင်းကို...
ဟူစတန် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတက္ကဆက်စ်ပြည်နယ် Midland-Odessa နယ်မြေတွင် သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၅ ဦးသေဆုံးပြီး အနည်းဆုံး ၂၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ဆိုသည်။
ဝါရှင်တန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အယ်လ်ဘားမားပြည်နယ်တွင် အထက်တန်းကျောင်းတစ်ကျောင်းတွင် သြဂုတ် ၃၀ ရက် ညနေပိုင်းက ဘောလုံးပွဲ ကျင်းပခဲ့ရာ အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြား လူ ၁၀ ဦးထက်မနည်း သေနတ်ပစ်ခံရကာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့...
ရီအိုဒီဂျနေးရိုး၊ သြဂုတ်လ ၃၁ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံသမ္မတ ဂျာဘိုလ်ဆိုနာရို(Jair Bolsonaro) က ဘရာဇီးနိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်တိုး တက်မှုရှိနေသော်လည်း စီးပွားရေးနာလန်ထူမှုကနှေးကွေးမှုရှိကောင်းရှိနေမည်ဖြစ်ကြောင်း သြဂုတ်လ ၃၀ ရက်က ပြောကြားခဲ့သည်။