ဆန်တီယာဂို၊ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) ချီလီနိုင်ငံမြို့တော် ဆန်တီယာဂို ၏အရှေ့မြောက်ဘက်ဟွေချူရာဘာ(Huechuraba) ပြည်နယ်ရှိ ရဲ တပ်ဖွဲ့စခန်းအမှတ် (၅၄) တွင် ဇူလိုင် ၂၅ ရက်ကပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံးရဲတပ်ဖွဲ့ ဝင်ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ချီလီရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
တူးနစ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တူနီးရှားသမ္မတ Beji Caid Essebsi သည် တူနီးရှားနိုင်ငံ၊ မြို့တော်တူးနစ်မြို့ ရှိ စစ်ဆေးရုံတွင် ဇူလိုင် ၂၅ ရက် ၌ ကွယ်လွန်ခဲ့ကြောင်း သမ္မတရုံးမှ ကြေညာချက်တစ်ရပ်တွင် ဖော်ပြပါရှိသည်။ (Xinhua)
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်မည့် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေး၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံဒေသဆိုင်ရာဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်မည်...
ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၏ အရှေ့မြောက်ပြည်နယ်ဖြစ်သော Pernambuco ပြည်နယ်၏ မြို့တော် Recifeတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဇူလိုင် ၂၄ ရက်တွင် ပြောကြားသည်။
ကဘူးလ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ဇူလိုင်လ၂၅ ရက် နံနက်ပိုင်း ရုံးတက်ရုံးဆင်းချိန်တွင် ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားလူ ၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်စ်ရတ် ရာဟီမီ (Nasrat...
ဝါရှင်တန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) ဆော်ဒီအာရေဘီးယား နိုင်ငံ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သို့လက်နက်များ ရောင်းချရန် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်အစိုးရ၏ ကြိုးပမ်းမှုအား ပိတ်ပင်ရန် ရည်ရွယ်သော ကွန်ဂရက်၏ ဆုံးဖြတ်ချက်များအား သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၂၄...
ဘန်ကောက် ၊ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က နိုင်ငံတောင်ပိုင်း ပတ်တနီပြည်နယ်အတွင်း ဇူလိုင်လ ၂၃ ရက်ညက လူလေးဦးသေဆုံးခဲ့ရသော လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုအားတိုက်ခိုက်မှုတွင်ပါဝင် ပတ်သက်သည့် လက်နက်ကိုင်များအားရှာဖွေရေးအတွက်ကျယ်ပြန့်သောစစ်ဆင်ရေးများပြုလုပ်သွား ရန် ဇူလိုင်လ ၂၄ ရက်ကအမိန့်ပေးခဲ့ကြောင်းသိရသည်။
ဆိုးလ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက အမျိုးအမည်မသိကျည်ဖူး ၂ ခုအား ဇူလိုင်လ ၂၅ ရက်နံနက်အစောပိုင်းက အရှေ့ဘက်ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) ၏ ပြောကြားချက်အရ သိရသည်။
အန်ကာရာ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ၊ ရုရှားနိုင်ငံ နှင့် နော်ဝေနိုင်ငံတို့မှ ကမ္ဘာလှည့် ခရီးသည်များတင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် ဇူလိုင်လ ၂၃ ရက်၌ တူရကီနိုင်ငံ၊ အန်တာလျာပြည်နယ် မြေထဲပင်လယ်ကမ်းရိုးတန်းအနီးတွင် ဘီးချော် မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။...
အော့တဝါ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ Saint-Eustache ဒေသတွင် ဇူလိုင်လ ၂၃ ရက် နံနက်က မော်တော်ကား ၃စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ နောက် ကျောင်းဘတ်စ်ကား၂ စီးမီးလောင်ခဲ့ပြီး စုစုပေါင်း လူ ၆၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အများစုမှာ ကလေးများဖြစ်ကြောင်း CBC...