ခတ္တမန္ဒူ ၊ ဇူလိုင်လ ၁၃ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ၏တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည့် ခတ္တမန္ဒူမြို့ရှိ ထရီပူဗန်နိုင်ငံတ ကာလေဆိပ်အား ဇူလိုင်လ ၁၂ ရက်ကရှစ်နာရီကြာ ပိတ်ထားခဲ့ရပြီးနောက် ညနေပိုင်းတွင်ပုံမှန်လေ ကြောင်းပျံသန်းမှုများ ပြန်လည်စတင်နိုင်ခဲ့ကြောင်းသိရသည်။
ဟို့စ်တန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) အပူပိုင်းမုန်တိုင်း ဘာရီ (Barry) သည် အမေရိကန်ပြည်ထောင်စု၊ လူစီယားနားပြည်နယ် (Louisiana) ကမ်းရိုးတန်းအလယ်ပိုင်းတစ်လျှောက် ဟာရီကိန်းမုန်တိုင်းအဖြစ် ဇူလိုင်လ ၁၃ ရက်နံနက်ပိုင်းတွင် ဝင်ရောက်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
ကိုလံဘို၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ဇူလိုင်လ ၅ ရက်ကတည်းကစ၍ နိုင်ငံတစ်ဝန်း အရက်မူးပြီးကားမောင်းသူများအား ဖမ်းဆီးရန် အထူးစစ်ဆင်ရေးတစ်ခုလုပ်ဆောင်ခဲ့ရာ လွန်ခဲ့သည့် ၇ ရက်အတွင်း ယာဉ်မောင်း ၂,၀၀၀ ကျော် အဖမ်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ...
ဆစ်ဒနီ ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီ နိုင်ငံ အနီး ပင်လယ်ပြင် တွင် ပြင်းအား ၆.၀ ပမာဏရှိသော ငလျင်တစ်ခု ဇူလိုင်လ ၁၂ ရက် က လှုပ်ရှားသွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေး ဌာန က ထုတ်ပြန်ကြေညာ ခဲ့ပြီး...
ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် မင်္ဂလာပွဲသို့ တက်ရောက်လာသည့် လူများအကြား အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးဖောက်ခွဲခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားလူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၁၂ ရက်တွင်...
ခါတွမ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံတွင် အစိုးရအရာရှိများက စီစဉ်ထားသည့် အာဏာသိမ်းရန်ကြိုးပမ်းမှုတစ်ခုအား တားဆီးခဲ့သည်ဟု အသွင်ကူးပြောင်းရေးစစ်ကောင်စီ (TMC) က ဇူလိုင်လ ၁၁ ရက်က ကြေညာခဲ့ကြောင်း တရားဝင် SUNA သတင်းအေဂျင်စီအရ သိရသည်။
ရီအိုဒီဂျနေးရိုး၊ဇူလိုင် ၁၁ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံသမ္မတ ဂျာဘိုလ်ဆိုနာရို(Jair Bolsonaro) က၎င်း၏သားဖြစ်သူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ အီဒူအာဒို ဘိုလ်ဆိုနာရို(Eduardo Bolsonaro)အား အမေရိကန်ပြည်ထောင်စု ဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်အဖြစ်ခန့်အပ်ရန ်၎င်းအနေဖြင့်စဉ်းစားလျက်ရှိကြောင်း ဇူလိုင် ၁၁ ရက် က အတည်ပြုပြောကြားခဲ့သည်။
တူးနစ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တူနီးရှားလွှတ်တော် သည် ဇူလိုင်လ ၁၀ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအတွက် ကျန်ရှိသောအဖွဲ့ဝင်များရွေးကောက်တင်မြှောက်ခြင်းမပြုနိုင်ဖြစ်ခဲ့ကြောင်း Tunis Afrique Presse (TAP) ကသတင်းထုတ်ပြန်ခဲ့သည်။
လန်ဒန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် ဇူလိုင်လ ၁၀ ရက်နံနက်အစောပိုင်းက ဘက်ကင်ဟမ်နန်းတော်၏ အရှေ့ဘက်ဝင်ပေါက်ဂိတ်များအား ကျော်တက်ခဲ့သည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အေသင်၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ) ဂရိနိုင်ငံ မြောက်ပိုင်း နေရာအမြောက်အမြားတွင် ဇူလိုင် ၁၀ ရက်က တိုက်ခတ်ခဲ့သောမုန်တိုင်းကြောင့် မတော်တဆမှုများဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဂရိနိုင်ငံ ရဲဘက်ဆိုင်ရာ၏ ဇူလိုင် ၁၁ ရက်က ထုတ်ပြန်သည့် သတင်းများအရ သိရသည်။