တိုကျို ၊ မေ ၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက မေ ၄ ရက် နံနက်ပိုင်းတွင် အရှေ့ဘက်ကမ်းခြေ၌ အမျိုးအမည်မသိတာတိုပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေး နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် တို့သည် မေ ၆ ရက်တွင် ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နယူးယောက် ၊ မေ ၇ ရက်(ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ Bulolo ဒေသ၏ အနောက်မြောက် ၃၇ ကီလိုမီတာအကွာ၌ မေ ၆ ရက် ဂရင်းနစ်စံတော်ချိန် ၂၁း၁၉း၃၇ နာရီတွင် ပြင်းအား ၇.၁ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးက ဆိုသည်။
အစ္စလာမ်မာဘတ် ၊ မေ ၆ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တော်၌ ၄ လတာကာလအတွင်း ရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းဖမ်းဆီးမှုများကြောင့် ပြစ်မှုများဖြင့်ထွက်ပြေးတိမ်းရှောင်နေသည့် ဝရမ်းပြေးပေါင်း ၄,ဝဝဝ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့မေ ၆ ရက်တွင်ပြောသည်။
ဂျေရုဆလင်၊ မေ ၆ ရက်(ဆင်ဟွာ) ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်ပွားမှုသည် မေ ၅ ရက်တွင် အရှိန် ဆက်လက်မြင့်တက်နေရာ ပဋိက္ခကြောင့် သေဆုံး ၂၀ ကျော်နှင့် ဒဏ်ရာရသူ ၂၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
ကဘူးလ်၊ မေ ၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ်ရှိ ရဲစခန်းတစ်ခုမှာ မေ ၅ ရက်တွင် တိုက်ခိုက်ခံရ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အချင်းဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၈ ဦး အပါအဝင် လူ ၂၆ ဦး သေဆုံးခဲ့ပြီး ၅၅...
နယူးဒေလီ ၊ မေ ၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဥဒစ္စပြည်နယ်၌ ဖန်နီဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၃၃ ဦးထိမြင့်တက်သွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက မေ ၅ ရက်တွင် ဖော်ပြခဲ့သည်။
မော်စကို ၊ မေ ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း Murmansk မြို့သို့ဦးတည်ထွက်ခွာသော SSJ-100 ခရီးသည်တင်လေယာဉ်တစ်စင်းသည် မေ ၅ ရက်က မော်စကိုမြို့ Sheremetyevo နိုင်ငံတကာလေဆိပ်သို့ အရေးပေါ်ဆင်းသက်စဉ် မီးလောင်ကျွမ်းခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည် ၄၁ ဦးသေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံစုံစမ်းစစ်ဆေးရေးကော်မတီက ယနေ့မေ ၆...
ကာရာကာ့စ်၊ မေ ၅ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားလေတပ်ရဟတ်ယာဉ်တစ်စီးသည် ၎င်းနိုင်ငံ၏မြို့တေ်ာ ကာရာကာ့စ်မြို့ တောင်ဘက်တွင် ပျက်ကျခဲ့ရာ လူ ၇ ဦး သေဆုံးခဲ့ကြောင်း ဗင်နီဇွဲလားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
မော်စကို၊ မေ ၅ ရက်(ဆင်ဟွာ) အမေရိကန်၏ အီရန်ကို ဦးတည်သည့် ပိတ်ဆို့ခြိမ်းခြောက်မှုများက ရုရှား-အီရန် နျူကလီးယားစွမ်းအင် စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို အတားအဆီးဖြစ်စေမည်မဟုတ်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး Sergei Ryabkovက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
အန်ကာရာ ၊ မေ ၅ ရက်(ဆင်ဟွာ) တူရကီ စစ်သား ၃ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်ခံရမှု တစ်ရပ်အား ပြန်လည် လက်တုံ့ပြန်သည့် အနေဖြင့် ကာ့ဒ် စစ်သွေးကြွ ၂၈ ဦးအား မေ ၄ ရက်တွင် သုတ်သင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။