ဂျီနီဗာ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ယခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ နိုင်ငံပေါင်း ၂၀ ၌ သတင်းစာဆရာ ၃၈ ဦးအသတ်ခံခဲ့ရကြောင်း ဂျီနီဗာအခြေစိုက် Press Emblem Campaign (PEC) က ဇူလိုင်လ ၄ ရက်တွင်ပြောကြားခဲ့သည်။
ဖနွမ်းပင်၊ ဇူလိုင်လ ၅ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု သို့တရားမဝင်ပြောင်းရွှေ့နေထိုင်ခဲ့ကြသော ကမ္ဘောဒီးယားနိုင်ငံသား ၃၇ ဦး ကိုအမေရိကန်အစိုးရကပြည်နှင်ဒဏ်ပေးခဲ့ပြီးနောက်ဇူလိုင်လ ၄ ရက်က ဖနွမ်းပင်မြို့တော်သို့ပြန်လည် ရောက်ရှိလာကြကြောင်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ဇူလိုင် ၅ ရက်တွင်ပြော ကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Searles Valley အနောက်တောင်ဘက် ၁၂ ကီလိုမီတာအကွာတွင် ဇူလိုင်လ ၄ ရက် ဂရင်းနစ်စံတော်ချိန် ၁ရး၃၃း၄၈ နာရီက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလုပ်ငန်း (USGS) က ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ သတင်းမီဒီယာ များ ၏ ဇူလိုင် ၄ ရက် ရေးသား ဖော်ပြချက် အရ လတ်တလောရက်ပိုင်း အတွင်း နိုင်ငံ မြောက်ပိုင်း Coahuila ပြည်နယ် ၌ ဖြစ်ပွား ခဲ့သည့်...
လာဂို့စ်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ၏ စီးပွားရေးအချက်အခြာကျသော လာဂို့စ်မြို့၏ အရံမြို့တစ်မြို့တွင် ဇူလိုင်လ ၄ ရက်က ရေနံပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေဆုံးသူအများအပြားရှိနိုင်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆင်ဟွာသို့ ပြောခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) ခရီးသည် ၅၀ ခန့် တင်ဆောင်လာသောရေယာဉ် တစ်စီးသည် ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း Khyber Pakhtunkhwaပြည်နယ်ရှိ Tarbelaရေကန်တွင် ဇူလိုင် ၃ ရက်က တိမ်းမှောက်နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံးပြီး လူအများအပြား ပျောက်ဆုံး လျက်ရှိကြောင်း ပါကစ္စတန် မီဒီယာများ၏...
ဘဂ္ဂဒက် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ၌ အိုင်အက်စ်(IS) တို့အား စစ်ဆင်ရေးများ အတွင်း အီရတ် လုံခြုံရေး တပ်ဖွဲ့များ နှင့် အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာ ညွှန့်ပေါင်း လေတပ်တို့၏ တိုက်ခိုက်မှုများကြောင့် ဇူလိုင် ၃ ရက်တွင် စုစုပေါင်း IS အကြမ်းဖက်သမား...
ဘန်ကောက်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံက ယခုနှစ်ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်မည့် ထိုင်းဟာ့ဂျ်ဘုရားဖူး ခန့်မှန်းခြေ ၈,၀၀၀ ဦးအား ကူညီရန် ကျန်းမာရေးအဖွဲ့များစေလွှတ်ရေးစီစဉ်ထားကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၃ ရက်တွင် ပြောကြားခဲ့သည်။
တိုကျို၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ တောင်ပိုင်း Kyushuတွင် ရက်ဆက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၆ သိန်း နီးပါး ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းပေးရန် ဒေသခံအာဏာပိုင်များက ဇူလိုင် ၃ ရက်တွင် သတိပေးထားကြောင်း သိရသည်။
မော်စကို၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) ဇူလိုင် ၁ ရက်က လူအသေအပျောက်ဖြစ်ပွားခဲ့ရသော ရုရှားနိုင်ငံ၏ ပင်လယ်ရေနက်ပိုင်း သုတေသန ရေငုပ်သင်္ဘော မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းမှာ ၎င်းရေငုပ်သင်္ဘော၏ ဘတ္ထရီ အစိတ်အပိုင်းတစ်ခု မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ဖြစ်ပြီး သင်္ဘောပေါ်တွင် တပ်ဆင်ထားသည့် နျူကလီးယားဓာတ်အားပေးစနစ်အပေါ် သက်ရောက်မှု မရှိခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Sergei...