အစ္စလာမ်မာဘတ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုများနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများကြောင့် ဇွန် ၂၆ ရက်မှစ၍ ပါကစ္စတန်နိုင်ငံတစ်ဝှမ်းတွင် အနည်းဆုံး လူ ၆၆ ဦး သေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDMA) က ဇူလိုင် ၅ ရက်တွင်...
-တရုတ်နိုင်ငံအနေဖြင့် ဗဟုဝင်ရိုးကမ္ဘာ၊ ကမ္ဘာ့စီးပွားရေး ပေါင်းစည်းချိတ်ဆက်မှုတို့ကို အားပေးမြှင့်တင်ရန် အသင့်ရှိဟု ဝန်ကြီးချုပ် လီချန် ပြော -အမေရိကန်တွင် နိုင်ငံရေးပါတီသစ် တည်ထောင်ကြောင်း မက်စ် ကြေညာ -ဗာရွန့်ဇ်ဒေသရှိ ရုရှားလေတပ်စခန်းကို ယူကရိန်း တိုက်ခိုက် -ဂါဇာဒေသအနှံ့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၄၅ ဦး သေဆုံး -အကြမ်းဖက်မှုဆိုင်ရာ...
လန်ဒန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ချဲလ်ဆီးအသင်းသည် နွေရာသီ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ဆက်လက်လှုပ်ရှားခဲ့ပြီး အင်္ဂလန်တောင်ပံကစားသမား ဂျေမီ ဂစ်တင်စ် (Jamie Gittens) ကို ဒေါ့မွန်အသင်းမှ ခေါ်ယူခဲ့ကြောင်း ဇူလိုင် ၅ ရက်တွင် ကြေညာခဲ့သည်။
အဒစ်အဘာဘာ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံသို့ စေလွှတ်ထားသော ၂၅ သုတ်မြောက် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့က အီသီယိုးပီးယားနိုင်ငံ မြို့တော်အဒစ်အဘာဘာ ဆင်ခြေဖုံးရှိ အီသီယိုးပီးယား-တရုတ် ချစ်ကြည်ရေးဆေးရုံဟုလည်း လူသိများသော တီရူနက်ရှ်-ပေကျင်း ဆေးရုံအတွက် အရေးတကြီး လိုအပ်နေသော ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂...
လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး၊ စီးပွားရေးနှင့် နိုင်ငံခြားရေး စသည့် မူဝါဒများအား ဆန့်ကျင်သည့် ဆန္ဒပြမှုများကို အမေရိကန်နိုင်ငံတစ်ဝန်း ဒေသအများအပြား၌ ဒေသစံတော်ချိန် ဇူလိုင် ၄ ရက်က လုပ်ဆောင်ခဲ့သည်။ ပါဝင်သူများသည် စုစုပေါင်း သိန်းချီရှိကြောင်း ဒေသတွင်းမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။...
ဗီယင်နာ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ စုံစမ်းစစ်ဆေးရေး ဝန်ထမ်းများသည် ဇူလိုင် ၄ ရက်တွင် အီရန်မှ ဘေးကင်းလုံခြုံစွာ ထွက်ခွာ၍ ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ ရုံးချုပ်သို့ ပြန်သွားပြီဖြစ်ကြောင်း IAEA က ဇူလိုင် ၄...
ဂျေရုဆလမ်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) လက်ရှိတွင် ဂါဇာကမ်းမြောင်ဒေသ၏ ၆၅ ရာခိုင်နှုန်းကျော်ကို စစ်ရေးအရ ထိန်းချုပ်ထားကြောင်း အစ္စရေးကာကွယ်ရေးတပ် (IDF) က ဇူလိုင် ၄ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်နှင့်အတူ အဓိကအားဖြင့် ဂါဇာဒေသ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ အစ္စရေးထိန်းချုပ်ထားသော နယ်မြေများကို...
– နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ၊ လွတ်လပ်စွာကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းရန် တရုတ်နှင့် ပြင်သစ်အား တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း – တရုတ်နိုင်ငံ ရှင်းကျန်းဒေသက တံခါးဖွင့်လှစ်မှု တိုးတက်လာသည့်ကြားမှ ပိုမိုတက်ကြွကာ ဆွဲဆောင်မှုရှိလာ – “ကျိန့်ဟယ်” ပင်လယ်-ကုန်းလမ်း-ရထားလမ်း နိုင်ငံတကာ ဘက်စုံသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ပထမဆုံးရထား တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ထွက်ခွာ – နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို...
မက်ဒရစ်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) အက်သလက်တစ် ဘီဘာအိုအသင်းက စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား နီကို ဝီလီယမ်စ်အား ရှစ်နှစ်သက်တမ်းရှိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း ကြေညာခဲ့ပြီး အဆိုပါကစားသမား၏ အနာဂတ်နှင့် ပတ်သက်၍ ခန့်မှန်းပြောဆိုမှုများကို အဆုံးသတ်စေခဲ့သည်။ အသက် ၂၂ နှစ်အရွယ် ဝီလီယမ်စ်၏ စာချုပ်လျော်ကြေး ပမာဏအား...
အော်လန်ဒို၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့တွင် ဇူလိုင် ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်၌ ဘရာဇီးကလပ် ဖလူမင်နိစ်က ဆော်ဒီကလပ် အယ်လ်ဟီလာကို ဟာကယူလီစ်၏ အနိုင်ဂိုးနှင့်အတူ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရရှိသွားပြီဖြစ်သည်။ ပွဲကစားချိန် မိနစ်...