ဖနွမ်းပင်၊ ဧပြီလ ၁၇ ရက်(ဆင်ဟွာ) ခမာနှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ခရီးသွားအချက်အခြာနေရာများကို လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပခရီးသွားစုစုပေါင်းမှာ ယခုနှစ်၌ ၄ ဒသမ ၇၂ သန်းအ ထိရှိကာ ယခင်နှစ်ကထက် ၆၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ကမ္ဘောဒီးယားခရီးသွားလာရေးဝန် ကြီး ဌာနက ဧပြီလ ၁၇ ရက်တွင်ထုတ်ပြန်သော အစီရင်ခံစာ၌ပြောကြားခဲ့သည်။
ပဲရစ်၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်သည် Notre Dameဘုရားကျောင်း မီးအကြီးအကျယ်လောင်ကျွမ်းမှုနှင့်စပ်လျဉ်း၍ ဧပြီ ၁၆ ရက် ညပိုင်းက ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာ ဘုရားကျောင်းအား ငါးနှစ်အတွင်း ပြန်လည်ပြုပြင်တည်ဆောက်သွားလိုသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဧပြီလ ၁၇ ရက်(ဆင်ဟွာ) ယီမင်၌ ဆော်ဒီဦးဆောင်သောညွန့်ပေါင်းတပ်ဖွဲ့များ၏ စစ်ပွဲအား အမေရိကန်က ထောက်ပံ့နေမှုကို အဆုံးသတ်ရန်တောင်းဆိုသော အမေရိကန်ကွန်ဂရက်၏ ဆုံးဖြတ်ချက်အား အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလ ၁၆ ရက်တွင်ဗီတိုအာဏာသုံး၍ပယ်ချခဲ့ကြောင်းသိရသည်။
ကင်ရှာဆာ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) ကွန်ဂို(ကင်ရှာဆာ)နိုင်ငံ အရှေ့ပိုင်းရှိ Kivuရေကန်တွင် ဧပြီ ၁၅ ရက် ညပိုင်းက သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ လက်ရှိတွင် သေဆုံးသူ ၂၀ရှိပြီဖြစ်ပြီး လူပေါင်း ဒါဇင်နှင့်ချီပျောက်ဆုံးနေကြောင်း သိရသည်။
ဆန်တီယာဂို၊ ဧပြီလ ၁၇ ရက်(ဆင်ဟွာ) ချီလီနိုင်ငံတောင်ပိုင်းတွင်လေယာဉ်အငယ်စားတစ်စီးအိမ်တစ်လုံးအပေါ်သို့ဧပြီလ ၁၆ ရက်ကပျက်ကျ ခဲ့ရာ အနည်းဆုံးလူခြောက်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဘရာဇီးလီးယား၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံသည် တောင်အမေရိကတိုက် နိုင်ငံများသမဂ္ဂအဖွဲ့မှ တရားဝင်နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ဘရာဇီးနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၁၅ ရက်တွင် ကြေညာခဲ့သည်။
ကိဗ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အလယ်ပိုင်း ချာကက်စီဒေသရှိ စာသင်ကျောင်း၌ မည်သည့်အကြောင်းအရာကြောင့် မသိရသေးဘဲ ကလေးငယ် ၇၅ ဦးထက်မနည်း အဆိပ်သင့်သည့် လက္ခဏာပြခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
ပဲရစ်၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ) မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသည့် Notre Dameဘုရားကျောင်းကို ပြန်လည်ပြုပြင်တည်ဆောက်မည်ဟု ပြင်သစ်သမ္မတ မိုက်ခရွန်က ဧပြီ ၁၅ ရက် ညပိုင်းက အချင်းဖြစ်ပွားသောနေရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ခါတွန်မ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ တောင်ပိုင်း ဒါဖာပြည်နယ်ရှိ ဒေသတွင်း ရွှေ့ပြောင်းသွားလာသူများ (IDPs) နေထိုင်ရာ စခန်းတစ်ခုအတွင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦးသေဆုံးခဲ့ကြောင်း SUNA သတင်းအေဂျင်စီက ဧပြီလ ၁၅ ရက်က သတင်းဖော်ပြခဲ့သည်။
ဆိုးလ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon Jae-in) က ၎င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် နောက်ထပ် ထိပ်သီးတွေ့ဆုံပွဲ ပြုလုပ်ရေးအတွက် တက်ကြွစွာ တွန်းအားပေးသွားမည် ဖြစ်ကြောင်း၊ မြောက်ကိုရီးယားနှင့်...