နယူးဒေလီ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ (Narendra Modi) သည် ၁၆ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး၊ ၁၄ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး နှင့် ၃ ကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေးမဟာမိတ် (RCEP)...
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ Orinda မြို့ရှိ အိမ်တစ်အိမ်တွင်ပြုလုပ်သည့် တစ္ဆေကြီးည ပါတီပွဲတွင် အောက်တိုဘာလ ၃၁ ရက် ညတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ လူလေးဦးသေဆုံးခဲ့ပြီး လူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KTVU ဒေသခံတီဗွီသတင်းတွင် နိုဝင်ဘာလ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
ဟနွိုင်၊ နိုဝင်ဘာလ ၂ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် လော်ရီကားတစ်စီးဖြင့်သယ်လာသောကုန်သေတ္တာတစ်ခုအတွင်းအစုလိုက်အပြုံလိုက် သေဆုံးနေကြသော ဗီယက်နမ်လူမျိုး ၃၉ ဦးနှင့်ပတ်သက်၍ ပျောက်ဆုံးနေသော၎င်းတို့မိသားစုများ၏ တိုင်ကြားချက်များအရဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဟာတင်းပြည်နယ်တွင် ရဲတပ်ဖွဲ့က လူနှစ်ဦးကိုဖမ်း ဆီးထားခဲ့ကြောင်းသိရသည်။
တက်ရ်ကန့်၊နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)အဖွဲ့ဝင်နိုင်ငံများ ဝန်ကြီးချုပ်အစည်းအဝေးသို့ တက်ရောက်သည့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်နှင့် တက်ရှ်ကန့်(Tashkent)တွင် နိုဝင်ဘာ ၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တက်ရှ်ကန့်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က တရုတ်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပိုမိုပျံသန်းနိုင်ရေးအတွက် မျှော်လင့်ကြောင်း နိုဝင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။
မနီလာ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း တောင်ထူထပ်သော Apayao ပြည်နယ်တွင် အောက်တိုဘာ ၃၁ ရက်ညပိုင်းက ခရီသည်များတင်ဆောင်လာသော ကုန်တင်ကားကြီးတစ်စီး လျှိုမြောင်အတွင်းသို့ ပြုတ်ကျသွားခဲ့ရာ လူ ၁၉ ဦးသေဆုံးပြီး အခြားလူ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ...
ဟာဗားနား၊နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှတည်ဆောက်ပေးသည့် ဝန်တင်အားတန်ချိန် ၂ ၂,၀၀၀ရှိသော ရေပေါ်သင်္ဘောကျင်း (floating dry dock) ကို အောက်တိုဘာ ၃၀ ရက်က China National Machinery Import and Export Corporation(CMC)မှ ကျူးဘာနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အကြီးဆုံးသင်္ဘောကျင်းသို့...
ဝါရှင်တန်၊နိုဝင်ဘာလ ၁ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်နိုင်ငံ၏ဆောက်လုပ်ရေးကဏ္ဍနှင့်နျူကလီး ယား(သို့မဟုတ်)စစ်ဖက်အစီအစဉ်များနှင့်ဆက်စပ်၍ ပစ္စည်းလေးမျိုးလွှဲပြောင်းတင်ပို့မှုကိုပိတ်ပင်လိုက် ကြောင်း အောက်တိုဘာလ ၃၁ ရက်ကကြေညာခဲ့ပါသည်။
ပြုံယမ်း ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ အောက်တိုဘာ ၃၁ ရက် ညနေပိုင်း အချိန်တွင် အကြီးစား အတွဲလိုက် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု ပြုလုပ်ခဲ့ရာတွင် အောင်မြင်မှု ရရှိခဲ့ကြောင်း သိရှိရသည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၌ ရထားမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၇၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်းနှင့် အဆိုပါ ကြောက်မက်ဖွယ်ဖြစ်ရပ်အတွက်တာဝန်ရှိသော လူတစ်ဦးဦး (သို့မဟုတ်) အကြောင်းရင်းများကို ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေကြောင်း မီးရထားဝန်ကြီး ရှိတ် ရာရှိဒ်အာမတ် (Sheikh Rasheed Ahmad)...