ခတ္တမန္ဒူ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်း၌ အောက်တိုဘာ ၁၂ ရက်တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ချောက်ကမ်းပါးတစ်ခုပေါ်မှ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၄ ဦး ရှိကြောင်း ဒေသတွင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Havelian လမ်းမကြီးသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC)မူဘောင်အောက်တွင် ဖောက်လုပ်တည်ဆောက်ခဲ့သည့် CPEC၏ အစောပိုင်းကာလ အောင်မြင်မှုရလဒ်တစ်ခုဖြစ်သည်။ (Xinhua) ———————————— (English Version) Asia Album: China-built road in northwest Pakistan’s...
မော်စကို၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)၊ ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (Angela Merkel) နှင့် ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) တို့ သည် ယူကရိန်းအရေးနှင့် ပတ်သက်၍ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်နန်းတော်က...
ဘေရွတ် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ ရေနံစက်ရုံတစ်ရုံ၏ လောင်စာဆီသိုလှောင်ကန်တစ်ခု၌ အောက်တိုဘာ ၁၁ ရက်တွင် မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လောင်စာဆီ ၂၅၀,၀၀၀ လီတာခန့် ဆုံးရှုံးခဲ့ကြောင်း အမျိုးသားသတင်းအေဂျင်စီ(NNA) က ဖော်ပြခဲ့သည်။ al-Zahrani ရေနံစက်ရုံ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုသည် လောင်စာဆီ...
ပေကျင်း၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) စပိန်နိုင်ငံ လာပါလ်မားကျွန်း Cumbre Viejaမီးတောင် ပေါက်ကွဲမှုသည် ရက်သတ္တပတ် ၃ ပတ်ဆက်တိုက် ဖြစ်ပွားလျက်ရှိရာ အောက်တိုဘာ ၁၁ ရက်အထိ ရပ်တန့်မည့်အရိပ်အယောင်မမြင်ရသေးသလို မီးတောင်ပေါက်ကွဲမှုကြောင့် ထွက်လာသည့် ချော်ရည်ကျောက်တုံးများတွင် အကြီးဆုံးက သုံးထပ်အဆောက်အဦအရွယ်အစားခန့်ရှိရာ လူအမြောက်အမြားကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ အဆိုပါ မီးတောင်ပေါက်ကွဲတွင်...
လော့အိန်ဂျလိစ် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) လော့အိန်ဂျလိစ်မြို့၏ တောင်ဘက် ၂၂၀ ကီလိုမီတာအကွာရှိ Santee မြို့၌ အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် လူနေအိမ်များထဲသို့ လေယာဉ်ငယ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။ အဆိုပါလေယာဉ်သည် အရီဇိုးနားပြည်နယ်...
ဆစ်ဒနီ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ် (NSW)ပြည်နယ်၏မြို့တော် ဆစ်ဒနီ၌ အောက်တိုဘာ ၁၀ ရက်တွင် ၎င်းတို့၏ lockdown ကာလပြီးမြောက်ခဲ့ပြီး ဒေသခံများအနေဖြင့် အချိန်ကြာမြင့်စွာ မျှော်လင့်စောင့်စားနေရသော “လွတ်လပ်ခွင့်ရရှိသည့်နေ့” သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁၀ ရက် ညသန်းခေါင်ယံတွင်...
မော်စကို ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ တာတာစတန်ဒေသ၌ အောက်တိုဘာ ၁၀ ရက်တွင် L-410 လေယာဉ် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၁၆ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၆ ဦး ရှိကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အစောပိုင်းဖော်ပြမှုတွင်...
ကဘူးလ်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က စစ်ဘေးဒဏ်ခံစားနေရသော အာဖဂန်နစ္စတန်နိုင်ငံတွင် ပိုလီယိုနှင့် ဝက်သက်ရောဂါ ပျံ့နှံမှုစိုးရိမ်လျက်ရှိသည့်ကြားမှ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်း ပြန်လည်စတင်ရန် တာလီဘန် အိမ်စောင့်အစိုးရအား အောက်တိုဘာ ၁၀ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။ “ကျန်းမာရေးစနစ်က ပြိုကျဖို့ဖြစ်နေပါတယ်။ ကြီးမားလှတဲ့...
အေဒင် ၊ ယီမင် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ ဖြစ်သည့် အေဒင်မြို့၌ အောက်တိုဘာ ၁၀ ရက်တွင် ယီမင်အဆင့်မြင့်အစိုးရတာဝန်ရှိသူများ လိုက်ပါလာသည့် ယာဉ်တန်းတစ်ခုသည် ကြီးမားသောပေါက်ကွဲမှုဖြင့် ကြုံတွေ့ခဲ့ရကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ “အစိုးရအရာရှိတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို...