ဝါရှင်တန်၊ မတ် ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က တရားမဝင် ရွှေ့ပြောင်းသွားလာသူများအရေး နှင့် ပတ်သက်၍ အငြင်းပွားမှုရှိနေသည့်ကြားတွင် လာမည့် သီတင်းပတ်အတွင်း မက္ကဆီကိုနိုင်ငံနှင့် ထိစပ်နေသော နိုင်ငံတောင်ပိုင်းနယ်စပ်ဂိတ်အား ပိတ်ပစ်ရန် မတ်လ ၃၀ ရက်တွင် ခြိမ်းခြောက်ပြောဆိုလိုက်သည်။
ဒါကာ ၊ မတ် ၃ဝ ရက်(ဆင်ဟွာ) ယနေ့မတ် ၃ဝ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ Gulshan ဈေး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၃ဝဝ ခန့်မီးလောင်ပျက်စီးသွားခဲ့ကြောင်း မီးသတ်သမားတစ်ဦးက ဆိုသည်။
နယူးဒေလီ၊ မတ် ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့စွန်တွင် မတ်လ ၂၉ ရက် နံနက်ပိုင်းက ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတစ်စီး ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြားသူ ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကာရာကပ်စ်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒို(Juan Guaido)သည် ၎င်း၏ ဘဏ္ဍာရေးမှတ်တမ်းများ မဟုတ်မမှန်ပြသမှုအား စစ်ဆေးပြီးနောက်ပိုင်း အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ကို ၁၅ နှစ် ရပ်ဆိုင်းလိုက်ကြောင်း ဗင်နီဇွဲလားနိုင်ငံ၏ ငွေကြေးဆိုင်ရာ အထွေထွေအရာရှိချုပ် Elvis Amoroso က မတ် ၂၈...
ရီယိုဒီဂျနေးရိုး၊ မတ် ၂၉ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတဟောင်း မစ်ချယ် တီမာ (Michel Temer) သည် အကျင့်ပျက်ခြစားမှုတစ်ခု စုံစမ်းစစ်ဆေးရာ၌ အဖမ်းခံရပြီး တစ်ပတ်အကြာတွင် ဒုတိယမြောက်အမှုတစ်ခုအတွက် မတ်လ ၂၈ ရက်တွင် စွဲချက်တင်ခံခဲ့ရကြောင်း သိရသည်။
ကာရာကာ့စ် ၊ မတ် ၂၉ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား နိုင်ငံ၏ အမျိုးသား လျှပ်စစ် ဓာတ်အား စနစ်အား ယခုလအတွင်း တိုက်ခိုက်ခံခဲ့ရပြီးနောက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း အဆင့် အသစ် တစ်ခုအား စတင်ခဲ့ကြောင်း ဗင်နီဇွဲလား ဆက်သွယ်ရေး ဝန်ကြီး Jorge Rodriguez က...
ဘန်ကောက်၊ မတ် ၂၉ ရက် (ဆင်ဟွာ) China Mobile International (CMI) နှင့် ထိုင်းနိုင်ငံ မိုဘိုင်းလုပ်ငန်း TrueMove H တို့က ထိုင်းနှင့် တရုတ် ဖုန်းနံပါတ်များ ပေါင်းစပ်ထည့်သွင်းထားသော ပထမဆုံး ဆက်သွယ်ရေး ဝန်ဆောင်မှု CMLink TrueMove H Thailand...
ဗလာဒီဗော့စတော့၊ ရုရှား၊ မတ် ၂၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အရှေ့ဖျား ကမ်ချတ်တာကျွန်းဆွယ် ကမ်းရိုးတန်းတွင် ပမာဏ ၆.၃ ရှိသော အင်အားပြင်း ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း အာဏာပိုင်များက မတ်လ ၂၉ ရက်၌ ပြောကြားလိုက်သည်။
ဝါဆော၊ မတ် ၂၈ ရက် (ဆင်ဟွာ) ဂိုလန်ကုန်းမြင့်ဒေသ အငြင်းပွားမှုအရေးတွင် အစ္စရေးနိုင်ငံ၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုခဲ့သည့် အမေရိကန် ၏ ဆုံးဖြတ်ချက် အား ပိုလန်နိုင်ငံ က အခြားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ နှင့်အတူ ဝေဖန်ခဲ့ကြောင်းသိရသည်။
ဝယ်လင်တန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ အနောက်ဘက်ကမ်းခြေအတွင်း ပြင်းထန်သည့်ရာသီဥတုကြောင့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ရပြီးနောက် မတ် ၂၈ ရက်နေ့တွင် အရေးပေါ်အခြေအနေကြေညာမှု တတိယမြောက်နေ့ သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။