ကွမ်ဂျူး၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် ၁၈ ကြိမ်မြောက် FINA World Championships ကျင်းပနေသည့် နိုင်ငံအနောက်တောင်ပိုင်း ကွမ်ဂျိုးမြို့တွင် ဇူလိုင်လ ၂၇ ရက် နံနက်အစောပိုင်းက ညကလပ်တစ်ခု၏အတွင်းပိုင်းထပ်ခိုးပြိုကျမှုကြောင့် တောင်ကိုရီးယားနိုင်ငံသား ၂ ဦးသေဆုံး၍ အားကစားသမား ၉ ဦးနှင့် အခြားလူ...
မနီလာ ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် နိုင်ငံ မြောက်ဘက်ဆုံး ရှိ Batanes ပြည်နယ် တွင် ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်း အချိန်တွင် ပြင်းအား ၅ အထက် ရှိ အင်အားပြင်း ငလျင် နှစ်ကြိမ် လှုပ်ခတ်...
ဘရပ်ဇီးလီးယား၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် အလုပ်အကိုင်ရရှိမှုနှုန်းသည် ဇွန်လအတွင်း ၃၀ဒသမ၂ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ရာ ၂၀၁၃ ခုနှစ်မှစ၍ အကောင်းဆုံး ရလဒ်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး ဌာနက ဇူလိုင် ၂၅ ရက်တွင် ပြောကြားသည်။
ဝါရှင်တန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယို (Mike Pompeo) သည် ထိုင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် မိုက်ခရိုနီးရှားနိုင်ငံသို့ ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၆ ရက်အတွင်းသွားရောက်ရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၅ ရက်တွင်...
ဟနွိုင်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) လာအိုနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ အေးခဲထားသော ကျားအသေကောင် ၇ ကောင်အား ကုန်ကူးမှုအတွက် ဗီယက်နမ်နိုင်ငံသား ၃ ဦးဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံမီဒီယာက ဇူလိုင်လ ၂၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဝယ်လ်လင်တန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ဝေလမင်းသားနှင့်ကြင်ယာတော်တို့ နိုဝင်ဘာလ တွင် နယူးဇီလန်နိုင်ငံသို့လာရောက်မည်ကို ကြိုဆိုကြောင်း နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Ardern) က ဇူလိုင် ၂၆ ရက်တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။
တူးနစ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ ပထမအကျော့အား စက်တင်ဘာလ ၁၅ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ သီးခြားလွတ်လပ်သော အဆင့်မြင့်အာဏာပိုင်အဖွဲ့ (ISIE) က ဇူလိုင်လ ၂၅ ရက်တွင် ကြေညာလိုက်သည်။
ဗယ်လက်တာ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ရွှေ့ပြောင်းသွားလာသူ ၇၆ ယောက်ပါဝင်သည့် အဖွဲ့တစ်ခုကို မော်လ်တာစစ်တပ်က ကယ်ဆယ်ပြီး၊ ဇူလိုင် ၂၅ ရက် နေ့လယ်တွင် ရေတပ်အခြေစိုက်စခန်း သို့ခေါ်ဆောင်ကာကမ်းတက်ခွင့်ပြုခဲ့ကြောင်းသိရသည်။
ဆန်တီယာဂို၊ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) ချီလီနိုင်ငံမြို့တော် ဆန်တီယာဂို ၏အရှေ့မြောက်ဘက်ဟွေချူရာဘာ(Huechuraba) ပြည်နယ်ရှိ ရဲ တပ်ဖွဲ့စခန်းအမှတ် (၅၄) တွင် ဇူလိုင် ၂၅ ရက်ကပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံးရဲတပ်ဖွဲ့ ဝင်ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ချီလီရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
တူးနစ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တူနီးရှားသမ္မတ Beji Caid Essebsi သည် တူနီးရှားနိုင်ငံ၊ မြို့တော်တူးနစ်မြို့ ရှိ စစ်ဆေးရုံတွင် ဇူလိုင် ၂၅ ရက် ၌ ကွယ်လွန်ခဲ့ကြောင်း သမ္မတရုံးမှ ကြေညာချက်တစ်ရပ်တွင် ဖော်ပြပါရှိသည်။ (Xinhua)