ဆိုက်ဆိုက်၊ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) အာဖရိက၌ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံ၏ အကြီးဆုံး ဆန်စပါး စိုက်ပျိုးရေးစီမံကိန်းဖြစ်သည့် ဝမ်ပေါင်မိုဇမ် လယ်ယာဥယျာဉ်သည် မိုဇမ်ဘစ်နိုင်ငံ ဂါးဇာ(Gaza)ပြည်နယ်၏ မြို့တော် ဆိုက်ဆိုက်(Xai-Xai)တွင်ရှိကြောင်း သိရသည်။
တက်ဂူစီဂလ်ပါ ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ဟွန်ဒူးရပ်စ်နိုင်ငံ အလယ်ပိုင်းရှိ အကျဉ်းထောင်တစ်ခု၌ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော ထောင်သားများအကြား ရန်ပွဲတစ်ခုအတွင်း အကျဉ်းသား ၁၈ ဦး အသတ်ခံရကြောင်း အာဏာပိုင်များက ဆိုသည်။
ပြုံးယမ်း ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) မြောက်ကိုရီးယား ထိပ်တန်း ခေါင်းဆောင် ကင်ဂျုံအန် ဦးဆောင်၍ စစ်ဘက် အရာရှိများသည် မြောက်ကိုရီးယား နိုင်ငံ၏ စစ်ရေး စွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်၍ အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် (KCNA) သတင်းဌာနက ယနေ့ ဒီဇင်ဘာ...
နယူးဒေလီ၊ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ရှ်(Uttar Pradesh)ပြည်နယ်တွင် နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ဆန့်ကျင်သည့် ဆန္ဒပြအဓိကရုဏ်းဖြစ်ပွားမှုများကြောင့် ဒီဇင်ဘာ ၂၁ ရက်က အမျိုးသား တစ်ဦးသေဆုံးခဲ့ရာ ယခုဆိုလျှင် ယင်းပြည်နယ်တွင် သေဆုံးသူ ၁၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသင်္ဘောတည်ဆောက်ရေးလုပ်ငန်းက လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ရုရှားရေတပ်သို့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၅ စင်း ပေးပို့သွားမည်ဖြစ်ကြောင်း အဆိုပါ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း အမှုဆောင်အရာရှိချုပ် Mikhail Budnichenko က ဒီဇင်ဘာ ၂၀ ရက်တွင် TASS သတင်းဌာနနှင့်ပြုလုပ်သော...
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတွင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အရ တည်ဆောက်ထားသော ပထမဆုံး မြို့ပြရထားလုပ်ငန်းက နိုင်ငံ၏ စီးပွားရေးနှင့် သယ်ယူပို့ဆောင်ရေးစနစ်ကို ပြန်လည်အသက်ဝင်လာစေမည် ဖြစ်ကြောင်း ပါကစ္စတန် ကျွမ်းကျင်သူများက ဆိုသည်။
ကာရာကာ့စ်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ မြောက်ပိုင်းပြည်နယ် Miranda တွင် ဒီဇင်ဘာလ ၁၉ရက် ည၌ ဖြစ်ပွားခဲ့သည့် ပုဂ္ဂလိကလေယာဉ်တစ်စီးပျက်ကျမှု တွင် လူ ၉ဦးသေဆုံးခဲ့ကြောင်း ရှေ့နေချုပ် Tarek William Saab က ဒီဇင်ဘာ ၂၀ ရက်တွင် အတည်ပြုခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယပါလီမန်က အတည်ပြုပြဌာန်းခဲ့သော အငြင်းပွားလျက်ရှိသည့် နိုင်ငံသားပြုမှုဥပဒေသစ်ကို အိ န္ဒိယနိုင်ငံတစ်ဝန်းတွင်အကြမ်းဖက်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိရာဒီဇင်ဘာလ ၂၀ ရက်က နိုင်ငံမြောက်ပိုင်း အတ်တာပရာဒက်ရှ် ပြည်နယ်တွင် အနည်းဆုံးခြောက်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်းသိရသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) အိန္ဒိယပါလီမန်က အတည်ပြုပြဌာန်းခဲ့သော အငြင်းပွားလျက်ရှိသည့် နိုင်ငံသားပြုမှုဥပဒေသစ်ကို အိ န္ဒိယနိုင်ငံတစ်ဝန်းတွင်ဆန့်ကျင်ဆန္ဒပြမှုများ ဒီဇင်ဘာလ ၁၉ ရက်ကလည်း ပြုလုပ်လျက်ရှိရာ နိုင်ငံ၏ ပြည်နယ်အများအပြားတွင်မတည်မငြိမ်ဖြစ်လျက်ရှိကြောင်းတာဝန်ရှိသူများကပြောကြားခဲ့ကြသည်။
မနီလာ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံထုတ် ရထားများ တင်သွင်းရန် သဘောတူစာချုပ်ကို ဒီဇင်ဘာ ၁၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။