ဝါရှင်တန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနှံ့ရှိ ဆေးရုံများသည် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့် လူနာများအား အဓိက ကုသပေးနေရသောကြောင့် အောက်စီဂျင် ပြတ်လပ်မှုများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း CNN က စက်တင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။
COVID-19 ရောဂါ၏ မူလဇစ်မြစ်ကို ရှာဖွေခြင်းသည် သိပ္ပံပညာရပ်ကိစ္စတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ မတူညီသောနေရာများ၌လည်း ဆောင်ရွက်သွားရမည်ဖြစ်သည်။ (Xinhua) #COVID_19 #Origins #Science #Xinhua #Myanmar #XinhuaMyanmar #မူလဇစ်မြစ် #သိပ္ပံပညာရပ် #ဆင်ဟွာ ———————————————- (English Version) Seeking the origins of COVID-19...
မော်စကို ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် ဆယ်စုနှစ် ခုနှစ်ကျော်ကြာ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုမှာ “ ရိုးရှင်းသောရှုံးနိုမ့်မှုတစ်ခုမဟုတ်ဘဲ ဘေးဒုက္ခကြီးတစ်ခုသာဖြစ်” ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က စက်တင်ဘာ ၂ ရက်တွင်ပြောကြားခဲ့သည်။
မတ်ပူတို ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) COVID-19 ရောဂါ မူလဇစ်မြစ်ခြေရာခံခြင်း နှင့် သုတေသနလုပ်ငန်းအတွက် ၂၀၁၉ ခုနှစ်တွင် ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုဖြစ်ပွားချိန်က ကမ္ဘာတစ်လွှားရှိ ဓာတ်ခွဲခန်းများ၌ စုဆောင်းထားသော နမူနာများအပေါ် အခြေခံ၍ လေ့လာမှုပြုလုပ်သင့်ကြောင်း မိုဇမ်ဘစ်နိုင်ငံကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားလိုက်သည်။
ကွာလာလမ်ပူ ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ဩစတြေးလျ ၊ မလေးရှား ၊ စင်္ကာပူ ၊ တောင်အာဖရိကနိုင်ငံတို့ရှိ ဗဟိုဘဏ်များသည် နိုင်ငံတကာငွေပေးချေမှုများအတွက် ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေးများ(CBDCs) အသုံးပြုခြင်းကို စမ်းသပ်ရန် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါဗဟိုဘဏ်များက စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
နယူးယောက်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေဖုံးလွှမ်းခြင်းများ ဖြစ်ပေါ်စေသော Ida ဟာရီကိန်းမုန်တိုင်း အကြွင်းအကျန်များကြောင့် ဩက်တင်ဘာ ၂ ရက် အစောပိုင်း၌ အရေးပေါ်အခြေအနေအဖြစ် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Kathy Hochul က ကြေညာခဲ့သည်။
ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မြောက်ကယ်လီဖိုးနီးယားတွင် Caldor တောမီးလောင်ကျွမ်းမှုသည် စက်တင်ဘာ ၁ ရက်အထိ ဧက ၂၀၀,၀၀၀ ကျော်လောင်ကျွမ်းထားပြီး South Lake Tahoe မြို့ အရှေ့ဘက်ရှိ Meyers ရပ်ကွက်သို့ ဆက်လက် ကူးစက်ပျံ့နှံ့နေကြောင်း မီးသတ်တာဝန်ရှိသူများက ပြောခဲ့သည်။
အမ်မန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဒါရိုက်တာများအဖွဲ့က ဂျော်ဒန်နိုင်ငံတွင် COVID-19 ကပ်ရောဂါမှ စီးပွားရေးနာလန်ထူရေးလှုံ့ဆော်ရန် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခဲ့ကြောင်း ဘဏ်က စက်တင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။
ကဘူးလ် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) တာလီဘန်ခေါင်းဆောင်များသည် အစိုးရသစ်ဖွဲ့စည်းရေး ဆွေးနွေးမှုများ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ဒေသတွင်း မီဒီယာက စက်တင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။
ဂျနီဗာ ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ရာသီဥတုနှင့် ဆက်စပ်သည့် ဘေးအန္တရာယ် ဖြစ်စဉ်အရေအတွက်သည် ပြီးခဲ့သော နှစ်ပေါင်း ၅၀ ကျော် ကာလ အတွင်း ငါးဆတိုးလာကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း(WMO)က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။